Wednesday, May 7, 2008

One At A Time

One At A Time

A friend of ours was walking down a deserted Mexican beach at sunset. As he walked along, he began to see another man in the distance. As he grew nearer, he noticed that the local native kept leaning down, picking something up and throwing it out into the water. Time and again he kept hurling things out into the ocean. As our friend approached even closer, he noticed that the man was picking up starfish that had been washed up on the beach and, one at a time, he was throwing them back into the water.

Our friend was puzzled. He approached the man and said, "Good evening, friend. I was wondering what you are doing."

"I'm throwing these starfish back into the ocean. You see, it's low tide right now and all of these starfish have been washed up onto the shore. If I don't throw them back into the sea, they'll die up here from lack of oxygen."

"I understand," my friend replied, "but there must be thousands of starfish on this beach. You can't possibly get to all of them. There are simply too many. And don't you realize this is probably happening on hundreds of beaches all up and down this coast. Can't you see that you can't possibly make a difference?"

The local native smiled, bent down and picked up yet another starfish, and as he threw it back into the sea, he replied, "Made a difference to that one!"

Jack Canfield and Mark V. Hansen

တစ်ကြိမ်မှာ တစ်ခု

တစ်ကြိမ်မှာ တစ်ခု
ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော maxico ကမ်းခြေတစ်ခုမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။

နေ၀င်ဆည်းဆာချိန် ကမ်းခြေမှာ သူတစ်ယောက်တည်းလျှောက်သွားတုန်းက ဟိုးအဝေးဆီမှာ လူတစ်ယောက်
ကိုလှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံလူတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ် ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူ လိုက် လွှင့်ပစ်လိုက် လုပ်နေသည်။

ကျွန်တော်တို့ မိတ်ဆွေက သူ့အနားရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင် ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲပြန်ပစ်ထည့်ပေးနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော့်မိတ်ဆွေ စဉ်းစားမရဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင်မေးကြည့်သည်။

“မသိလို့ မေးပါရစေဗျာ ။ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်“


“ကြယ်ငါးတွေကို သမုဒ်ဒရာထဲ ပြန်ပို့ပေးနေတာလေ။ ခင်ဗျား မြင်တဲ့ အတိုင်းပဲ။ အခု ဒီရေကျချိန် သောင်ပြင် ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် အကြာကြီးစောင့်နေရမှာ။ ဒါပေမယ့် ဒီလောက်ကြာရင် အောက်စီဂျင်ပြတ်ပြီးသေမှာပဲ။ “

“ဟုတ်ကဲ့ အဲဒါတော့ ကျွန်တော်လဲ သဘောပေါက်ပါတယ်။“ ကျွန်တော်တို့ မိတ်ဆွေက ဆိုသည်။


“ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ။ အဲဒီကောင်တွေ အားလုံးကို ခင်ဗျားဘယ်လို လိုက်ကောက်မလဲ။ တစ်ယောက်ထဲ မနိုင်နိုင်ဘူးလေဗျာ။ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် အခုလို သဲသောင်ပြင်ပေါင်းရာချီရှိမှာပေါ့။ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ။ သူ့သဘာဝနဲ့သူ ဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးထူးခြားခြား ပြောင်းလဲသွားနိုင်မလဲ။ “

ဒေသခံလူက ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်သည်။ ထို့နောက် ...
“တစ်ခြားကောင်တွေ အတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ။ “ ဟုဆိုကာ ပင်လယ်ထဲ လှမ်းပစ်ထည့်လိုက်လေသည်။


[မူရင်း။ ။Jack Canfield and Mark V. Hansen တို့၏ One At A Time]

ဖေမြင့် ရဲ့ နှလုံးသားစာအဟာရ ထဲမှာ အမှတ်ရဆုံး ၀တ်ထုတိုလေးကို ပြပါဆိုရင် အပေါ်က “တစ်ကြိမ်မှာ တစ်ခု“ ဆိုတာလေးကို ပြရမယ်ထင်တယ်။ အကြောင်းတစ်စုံတစ်ရာ ဆုံလာတိုင်း အဲဒီ ကြယ်ငါးလေးတွေကို သတိရမိတယ်။ အားလုံးအတွက် တစ်ပြိုင်နက်ထဲ မကူညီနိုင်ပေမယ့် ကိုယ်ကူညီလိုက်နိုင်တဲ့ တစ်ယောက်က ကိုယ့်ကြောင့် တစ်ခုခုရသွား အဆင်ပြေသွားမယ်ဆိုရင် တော်တော်ဝမ်းသာစရာကောင်းမှာပဲ။

ရုံးကနေ အိမ်အပြန်မှာ ကားအရမ်းကြပ်တာကြောင့် အခုနောက်ပိုင်းမှာ boat စီးဖြစ်တယ်။ boat စီးရင် ထိုင်ခုံ တစ်တန်းကို လူ ၆ ယောက်ကနေ ၇ ယောက်လောက်ထဆန့်တယ်။ ကမ်းကို ကပ်ခါနီးတိုင်းမှာ စပယ်ယာက နဲနဲတိုးပေးကြဖို့ လိုက်လိုက်ပြောတယ်။ တစ်ချို့ကလဲ တိုးပေးကြတယ်။ တစ်ချို့ကလဲ မသိချင်ယောင်ဆောင်နေ ကြတယ်။ အဲလိုလူမျိုးတွေ မြင်ရင် တော်တော်အသဲယားတယ်။ ဘာလို့ အဲလိုလုပ်ကြသလဲ မသိဘူး။ ကိုယ်ကလဲ နဲနဲတိုး သူကလဲ နဲနဲလေးတိုးပေးလိုက်ရင် တစ်ယောက်စာလောက် နေရာထွက်လာမယ်။ အဲဒီတစ်ယောက်စာလောက်ဟာ ကိုယ့်အတွက်ဆိုရင် ဘယ်လောက်ဝမ်းသာရမလဲ။ အိမ်ပြန်ရဖို့အတွက် နောက်ထပ် boat တစ်စီးစောင့်စရာမလိုတော့ဘူး။ နောက်ထပ်နောက်မကျတော့ဘူး။ လူတွေအများကြီးအတွက် မတတ်နိုင်ပေမယ့် တစ်နိုင်သလောက် တစ်ယောက်စာအတွက် ကူညီနိုင်တာပဲလေ။

အခုလဲ ကိုယ့်တိုင်းပြည်မှာ ဒုတ်ခတွေရောက်နေတယ်။ များလွန်းလို့ မကူညီနိုင်ဘူးလို့ မထင်မိပါနဲ့။ ကိုယ်တတ်နိုင်သလောက် ကိုယ်တတ်နိုင်သရွေ့ ကူညီနိုင်တာပဲ။ “ဆင့်ပါးစပ်နှမ်းပက်“ “နှမ်းတစ်လုံးနဲ့ဆီမဖြစ်“ ပေမယ့် နှမ်းစိပေါင်းများစွာစုပြီး ဆီဖြစ်လာတာပဲလေ။ အားလုံးအတွက် မတတ်နိုင်ပေမယ့် ကိုယ်ကူညီလိုက်လို့ ရသွားတဲ့ သူတွေမှာ အကျိုးရှိနိုင်တာပဲမို့ တစ်ကြိမ်တစ်ခါလောက် ကြယ်ငါးကောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။။။။။


Support victims of the cyclone in Myanmar (Burma).


img credit to : koboyz

About Nagis Cyclone Donation

ရန်ကုန်က သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ အခုပဲ ကွန်တက်ရတယ်။ သူတို့တွေ ဒလ ဘက်မှာ ဆန်သွားလှူကြမလို့တဲ့။ ဒီသူငယ်ချင်းတွေက လှိုင်သာယာ မှာ မီးလောင်တုန်းကလဲ အင်တိုက်အားတိုက် ကိုယ်တိုင်ကိုယ်ကြ သွားလှူပေး လုပ်အားပေးခဲ့တဲ့ သူငယ်ချင်းတွေ...။ အခုလဲ ရန်ကုန်ကို ပိုက်ဆံလှူချင်နေတာ ဘယ်သူနဲ့မှလဲ အဆက်အသွယ်မရ ဘယ်ကို လှူရမှန်း မသိဖြစ်နေတာ။ ဒီနေ့ သူငယ်ချင်းတစ်ယောက်က သူတို့ ဒလ ဘက်ကိုသွားလှူနေတယ် လုပ်အားပေးနေတယ်ဆိုတာ သိလိုက်မှ ငါတို့လဲ လှူချင်တယ် ပိုက်ဆံလွှဲလိုက်မယ်ဆိုပြီး ၀မ်းသာအားရပြောလိုက်ရတယ်။

စင်္ကာပူက သူငယ်ချင်းတွေကတော့ မနက်ဖြန် စင်ကာပူဒေါ်လာ ၅၀၀၀ စပြီးလွှဲလိုက်မယ်လို့သိရတယ်။ ဒလ မြို့နယ်အတွက် ဆန်အိတ် ၂၅၀ လောက်ဝယ်ပြီး လှူမယ်လို့လဲ သိရတယ်။ အသေးစိတ်သိချင်ရင် ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။

အခုဘန်ကောက်မှာတော့ ဘယ်သူတွေအလှူငွေလိုက်ကောက်နေလဲတော့ မသိဘူး။ လောလောဆယ်မှာတော့ ရည်မွန့်ဆီမှာ အလှူငွေတွေ စုနေတယ်။ သူငယ်ချင်းတွေကလဲ အားတက်သရော လှူမယ်ဆိုလို့ တော်တော်ဝမ်းသာသွားတယ်။ သူတို့ကလဲ သူတို့သူငယ်ချင်းတွေ တစ်ဆင့် လိုက်ပြီး မေးပေးဦးမယ်တဲ့။

Raven Group နဲ့ HH4NG(Helping Hands 4 New Generation) က သူငယ်ချင်း NMA တို့ကို နောက်ထပ် ၃ ရက် (သို့) ၄ ရက် လောက်မှာပိုက်ဆံလွှဲပေးနိုင်မယ် ထင်တယ်။ အခုသူတို့ အဖွဲ့ထဲက တစ်ချို့က ဘိုကလေးဘက်ကို သွားနေကြပြီ။ ပြန်လာရင် ဓါတ်ပုံတွေရော သတင်းတွေရော တင်ပေးမယ်လို့ ပြောတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး အဲလိုလိုက်လုပ်ပေးနေတဲ့ သူငယ်ချင်းတွေကို တကယ်ပဲ ချီးကျူးပါတယ်။

ဘန်ကောက်မှာ ထိုင်းမှာရှိတဲ့ သူငယ်ချင်းတွေလဲ ပါဝင်ကူညီလှူဒါန်းချင်တယ်ဆိုရင် အောက်က မေးလ်တွေကနေ တစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

pyaesonemg@gmail.com
yeemon@gmail.com
yongmay@gmail.com

Saturday, May 3, 2008

RIP - Kim Min Soo

RIP - Kim Min Soo [Monday Kiz]

Free Image Hosting at www.ImageShack.us


တကယ်ကို စိတ်မကောင်းဘူး။ မျှော်လင့်မထားဘူး။ သူတို့အဖွဲ့ရဲ့ Bye Bye Bye သီချင်းလေးကို အခုချိန်မှာ နားထောင်နေမိတယ်။ တကယ်ပဲ Bye Bye Bye ပါပဲလား။

Monday Kiz - Bye Bye Bye

so sorry

မနေ့ညက မုန်တိုင်းကြောင့် ရန်ကုန်မြို့ကြီးအကြောင်းကြားရတာ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ မနေ့ည ၁၀ နာရီလောက်ထိ အိမ်ကိုဖုန်းဆက်လို့ရနေသေးတယ်။ ဒီနေ့မနက်ဆက်တော့ မရတော့ဘူး။ လိုင်းဖုန်းလဲမရ ဟန်းဖုန်းလဲမရ။ နောက်တော့မှ ကွန်ဒိုဖုန်းကို သတိရပြီး ဆက်ကြည့်လိုက်တော့ ၀င်သွားတယ်။ ဒီနေ့ မေမေတို့က အပြင်ထွက်လိုက်သေးတယ်တဲ့။ တစ်မြို့လုံး မှတ်တောင် မမှတ်မိလောက်အောင် ဖြစ်သွားတယ်တဲ့။ ဆိုင်းဘုတ်တွေဆို တစ်ခုမှမရှိတော့ဘူးတဲ့။ တစ်ချို့လမ်းတွေဆို သွားနေရင်းနဲ့ ဘယ်လမ်းရောက်နေပါလိမ့်ဆိုပြီးတော့တောင်ဖြစ်ရတယ် လို့ပြောတယ်။ တော်တော်ကို ပျက်စီးကုန်ပြီနဲ့တူတယ်။ စိတ်ထဲမှာမကောင်းဘူး။ အခြေမခိုင် ယိုင်နဲ့နဲ့ နဲ့ဆင်ခြေဖုံးက အိမ်လေးတွေ ဘယ်လိုလုပ်မလဲဟင်။ ကူမယ့် ကယ်မယ့်သူလဲမရှိ။ တော်တော်ဆိုးရွားတဲ့ မုန်တိုင်းပါလား။ နောက်ထပ်ဆက်တိုက်ဦးမှာလား မသိဘူး။
Free Image Hosting at www.ImageShack.us

QuickPost Quickpost this image to Myspace, Digg, Facebook, and others!

Tuesday, April 22, 2008

လင်းနစ် - ဒီဇင်ဘာည

အခုလို ပူလောင်အိုက်စပ်နေတဲ့ ရာသီဥတုနဲ့တော့ မလိုက်ဖူးပေါ့လေ။ ဒါပေမယ့် သူများတွေကြိုက်ပြီး တစ်နှစ်လောက်နေမှ ထကြိုက်တတ်တဲ့ အကျင့်အတိုင်း အခုမှ လင်းနစ်ရဲ့ ဒီဇင်ဘာည သီချင်းလေးကို တော်တော်ကြိုက်နေတယ်။ ရန်ကုန်ပြန်သွားတုန်းက အိမ်မှာ ညီမလေးက ခဏခဏဖွင့်နေတော့ ကြိုက်သွားတာ။

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ.... အတူဆုံနေကြ ဒီလိုအချိန်လေးရောက်လာ....
ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်း ကြေကွဲ....
ငါငိုနေဆဲ ယုံပါကောင်မလေးရေ.... ပြန်ဆုံနိုင်မယ့် ကံကိုငါတမ်းတတယ်....
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ.... ငါဟာ အချစ်ပျောက်လိုက်ရှာရင်းနဲ့ လွမ်းနေဆဲ....

လင်းနစ် - ဒီဇင်ဘာည

Wednesday, April 2, 2008

Recently Favorite Korean Songs

အခုလောလောဆယ် ဒီသီချင်းလေးတွေကို ခဏခဏနားထောင်ဖြစ်တယ်..

Brown Eyed Girls - Love

Park Ji Heon - When I wanna See You

Turtles - Sing La La La

ပျင်းနေသည်...အိမ်ပြန်လိုက်ဦးမည်...

ဧပြီ ၅ ရက် ကနေ ဧပြီ ၂၀ ရက်နေ့အထိ ရန်ကုန်ပြန်မှာမို့လို့...
ဘလော့ရေးတာကို ရပ်လိုက်ဦးမယ်...

ဟီးဟီး..အမှန်ကတော့ ရပ်နေတာကြာပါပြီ...
ပျင်းနေတာကရော...အလုပ်ကလဲ တကယ်ကို မအားတာရော...
ူဆုဂျု အကြောင်းလေးတွေ ရေးစရာတွေမှ အများကြီးပဲ...
သူငယ်ချင်းရဲ့ စကားနဲ့ပြောရရင် များကြီးများကြီး ရှိသေးတယ်...
အပ်လုပ် လုပ်ပေးစရာသီချင်းတွေလဲ အများကြီးပဲ...
ပြန်လာမှပဲ လုပ်တော့မယ်...ဘလော့ဒီဇိုင်းလဲ ပြောင်းမလားလို့ စဉ်းစားနေတယ်...
kitty for me ကနေ super junior for me လို့ ပြောင်းရမလိုတောင် ဖြစ်နေတယ်...

Saturday, March 1, 2008

Natasha Bendingfield

အခုလောလောဆယ် Natasha Bendingfield ရဲ့ Soulmate သီချင်းလေးကို တော်တော်ကြိုက်နေတယ်။ Valentine အချိန်တုန်းက BTS ပေါ်မှာ အဲဒီသီချင်းလေးကြော်ငြာတွေ့ပြီး သဘောကျသွားတာ။

Natasha Bendingfield - Soulmate