Monday, July 21, 2008

စားပါဦး အပိုင်း(၂)

မနေ့က တနင်္ဂနွေနေ့ဆိုတော့ ဟင်းချက်စားဖြစ်တယ်။ ဈေးဝယ်ထားပြီးသားလဲ ဖြစ်နေလို့။ ရုံးပိတ်ရက်ဆိုရင် ညဆို မနက် ၃ နာရီ ၄ နာရီအထိနေလေ့ရှိတော့ မနက် ၁၁ နာရီလောက်မှ အမြဲအိပ်ယာနိုးတယ်။ :P ။ မနေ့က ၀က်သားနဲ့ အာလူးဟင်း... ကြက်သားကို ကြက်သွန်နီဆီချက်၊သံပုရာသီး၊ ငရုတ်သီးစိမ်းနဲနဲနဲ့ အဖြူထည်လေးသုတ်..နောက်တော့ ခရမ်းချဉ်သီးငပိချက်လေးချက်တယ်။ ငရုတ်သီးများများလေးနဲ့။ ရှလွတ်။ စားပါဦး :D


   

No comments: