Tuesday, October 21, 2008

Now I'm in SHINee World !!

Now I'm in SHINee World !! ဟားဟား....Super Junior ပြီးရင် ဒီတစ်သက် ထပ်ကြိုက်ရမယ့်သူ ပေါ်မလာတော့ဘူး ထင်ထားတာ။ ဘယ်ဟုတ်လိမ့်မလဲ။ ဟဲဟဲ..အရင်တုန်းကလဲ ဒီလိုပါပဲ။ Shinhwa ကြိုက်တုန်းကလဲ အဲလိုထင်ခဲ့တာပဲ။ Buzz ကြိုက်တုန်းကလဲ အဲလိုပြောခဲ့တာပါပဲ။ အခု SHINee ကို ကြိုက်တယ်။ ရည်မွန့် အကျင့်ကိုက သူများတွေကြိုက်ပြီးကြာမှ လိုက်ကြိုက်တတ်တာလားမသိပါဘူး။ Super Junior တုန်းကလဲ သူငယ်ချင်းက အရင်ကြိုက်တယ်။ အဲဒီတုန်းက FT Island ကို crazy ဖြစ်နေတာ။ နောက်တော့ သူ့အတွက် dl တွေလုပ်ပေးရင်းနဲ့ ကိုယ်ပါကြိုက်သွားရော။ အခုလဲ SHINee ကို သူကအရင်ကြိုက်တယ်။ ဟင်း အဲဒီတုန်းက SHINee ကို ကြည့်လို့ကို မရဘူး။ ငယ်ကလဲ ငယ်သေးတယ်။ ပိန်ညောင်ညောင်လေးတွေ... :P ။ Show တွေမှာ SHINee လာရင်တောင် ကျော်ကြည့်ခဲ့တာ။ အဲဒီလိုနဲ့ သူတို့ရဲ့ 1st Single Noona is so Pretty ကို ကျော်ခဲ့တယ် ဆိုပါတော့....



Love Like Oxygen ထွက်ထွက်လာခြင်းတုန်းကလဲ မကြိုက်ဘူး။ Music Video ကို တစ်ချက်တော့ ကြည့်လိုက်တယ်။ သိပ်မကြိုက်ဘူး။ (အခုတော့ ကြည့်လို့ကို မ၀နိုင်ဘူး :P )။ Ingikayo 500 ပြည့်မှာ သူတို့ရဲ့ LLO Performance ကို စသတိထားမိတယ်။ ဟယ်...မိုက်တယ်ပေါ့လေ။ အဲဒီကနေ စပြီး SHINee ကို ကြိုက်လိုက်တာ အရမ်းပဲ။ သူတို့ကိုလဲ ကြိုက်သွားရော အရင်တုန်းက သူတို့ရဲ့ Noona Nomu Yappo ကို ပြန်ကြည့်တော့ အရမ်းကောင်းနေသလိုပဲ။ ဟဲဟဲ။ သူတို့ က တာ အရမ်းကို လှတယ်။ အခုတော့ SHINee Performance မှန်သမျှ မလွတ်တော့ပါဘူး။



ှSNINee ရဲ့ Reality Show လဲ ကောင်းတယ်။ မမ တွေနဲ့ သူတို့တွေနဲ့ ဒိတ်လုပ်ကြတာ။ ရီလဲရီရတယ်။ သူတို့ရဲ့ အပြင်ဘ၀လေးတွေကိုလဲ မြင်ရတယ်။ အပိုင်း ၁၀ နဲ့ ၁၁ မှာဆိုရင် သူတို့ အဆောင်မှာ ရိုက်ထားတာ။ သူတို့ အခန်းလေးတွေ အိပ်ခန်းတွေ အကုန်ရိုက်ပြထားတယ်။ အဲဒါလေးတွေ ကြည့်ရင် သူတို့နဲ့ တကယ်ရင်းနှီးသလိုခံစားရတယ်။ Suju တုန်းကလဲ ဒီလိုပဲ Super Junior Full House တုန်းက သူတို့ အဆောင်မှာ ရိုက်ထားတာ။



SHINee ထဲမှာ ပထမဆုံး သတိထားမိတာက Taemin ။ အရမ်းငယ်လို့။ အခုမှ ၁၅ နှစ်ပဲရှိသေးတယ်။ ဆံပင်က မှိုပုံစံ လုံးလုံးလေးနဲ့။ Taemin က အဖွဲ့ထဲမှာ ကတာ အကောင်းဆုံးပဲ။



နောက်တော့ Jong Hyun ကို သတိထားမိတယ်။ LLO စကြည့်တဲ့အချိန်မှာ။ သူ့အသံကောင်းလို့။ ရင်ဘတ်အလယ်တည့်တည့်မှာ မှဲ့လေးရှိတယ်။ Bling Bling Jong Hyun လို့ခေါ်တဲ့ Jong Hyun က အရမ်းစကားများတယ်။ Reality Show မှာလဲ မမ တော်တော်များများက သူ့ကိုကြိုက်ကြတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ ဆုတွေ ဘာတွေရရင် သူက အမြဲ ရှိုက်ကြီးတငင်နဲ့ ငိုတတ်တယ်။



Chrisma Minho....အဖွဲ့ထဲမှာ စကားအနည်းဆုံး။ တော်ရုံနဲ့ ဘာစကားမှကို မပြောတာ။ Super Junior ထဲက Ki Bumie လိုပဲ တအားအေးတယ်။ ဒါပေမယ့် ဆွဲဆောင်မှု အရှိဆုံးလို့ပြောရမယ်။ သူ့ကိုလဲ Reality Show မှာ မမ တွေ တအားကြိုက်ကြတယ်။



Key....Ulmighty Key...Key Umma...Taemin ရဲ့ အချစ်တော် Key...Bling Bling နဲ့ Key က အဖွဲ့ထဲမှာ စကား အများဆုံးပဲ။ Key အသံလဲ ကောင်းတယ်။ Key က vocal လဲရတယ် rap လဲ ရတယ်။ သူ့ ကိုယ်သေးသေးလေးနဲ့ Taemin ကို ချီနိုင်တယ်။



အင်း...နောက်ဆုံးမှ သတိထားမိတာက LEADER ONEW... နောက်ဆုံးမှ သိပြီး အကြိုက်ဆုံးဖြစ်သွားတယ်။ ဘယ်ကနေ ဘယ်လိုကြိုက်သွားမှန်းကိုမသိတော့ပါဘူး။ သူ့ရဲ့ Onew ဆိုတာလေးက Soft ဖြစ်တာလေးကို ပြောတာ။ သူ့အသံလေးကလဲ Soft ဖြစ်တယ်။ နောက် သူကလဲ Soft ဖြစ်တယ်။ ပြီးတော့ ချစ်စနိုးနဲ့ ToFu လို့လဲ ခေါ်ကြတယ်။ ToFu လိုပဲ ဖြူဖြူနဲ့ Soft ဖြစ်လို့တဲ့...သူ့ fan တွေက အဲလို ခေါ်ကြတာ။



My Fav Pic of ONEW...he is showing his back in STAR GOLDEN BELL Programme !! :D


No comments: