သောကြာနေ့ညက ကြက်သားသုပ်စားတယ်။ ကြက်သားကို ပဲမှုန့်၊ဆီချက်၊ကြက်သွန်နီလေးပါးပါးလှီး..အချဉ်မထည့်ပဲသုပ်လိုက်တယ်။ ကြက်သားပြုတ်ထားတဲ့ ဟင်းရည်ကိုကျတော့ ကြက်သွန်နီးပါးပါးလှီးထည့်၊ နံနံပင်ပါးပါးလှီး၊ ငရုတ်သီးစိမ်းလေးထည့် သံပုရာရည်ညှစ်ပြီး ချဉ်ချဉ်လေးလုပ်လိုက်တယ်။

စနေနေ့က အုန်းနို့ခေါက်ဆွဲချက်စားတယ်။ ချက်စားဖို့အစီအစဉ်မရှိတော့ BigC သွားပြီး ဘဲသွေး ၀ယ်မထားမိဘူး။ ဒီတစ်ခါ ဘဲသွေးမပါဘူးပေါ့။ ၂ အိုးချက်တာ တစ်အိုးနဲ့ တစ်အိုး အရသာမတူသလို ခံစားရတယ်။ဟီး..(အဲလိုပဲ တော်တာ)...

ဒီနေ့က ကုလားပဲနဲ့ ကြက်တောင်ပံ၊ ပဲစောင်းလျားသီး (စာလုံးပေါင်းမှန်လားတော့မသိဘူး)သုပ်၊ အာလူးနဲ့ ကြက်ဥကြော် (၀ိတ်ကတော့ ကျဦးမယ်)။ ဟဲဟဲ စားပါဦး။

1 comment:
မထင်။
၂ပေါင်လောက် တိုးလာအုံးမှာ။
ဟိဟိ မစားရလို့ စိတ်ပုပ်ပြီးပြောတာ။
Post a Comment