Wednesday, December 10, 2008

New Dog !!

got new dog at ygn home !! haha !! ဟိုတစ်ပတ်က ညီမလေး gtalk တက်လာတော့ သူ့ gtalk pic မှာ ခွေးလေးတစ်ကောင်တွေ့လိုက်တယ်။ အသဲပုံလေးဝိုင်းလို့ နာမည်ကလဲ ရေးထားလိုက်သေးတယ် Hee Bum တဲ့လေ။ ဟားဟား...ဒါဆိုသေချာပြီ အိမ်ကခွေးပဲဆိုတာ။ Hee Bum ဆိုတာ Super Junior ထဲက Hee Chul ရဲ့ ကြောင်နာမည်။ ဒါကို အိမ်မှာက ခွေးကိုပေးထားကြတယ်။ သူတို့က အဲဒီနာမည်ကို သဘောကျနေကြတာ။ ခွေးသိပ်မချစ်တတ်ပေမယ့် မြင်တော့လဲ ချစ်စရာလေးပါလားလို့ ထင်မိတယ်။ ၂ လ သမီးပဲ ရှိသေးတယ် အရမ်းလည်တယ်လို့ပြောတယ်။ အိမ်က ကြောင် ၂ ကောင်မှာ တစ်ကောင်နဲ့မတည့်ဘူးတဲ့။ ဘယ်တည့်မလဲ ဟိုကောင်ရဲ့ထ မင်းပန်းကန်ကို သွားလုစားတာကိုး။ အစားလဲကြီးတယ်တဲ့။ အညိုရောင်လေး...ချစ်စရာလေးပါ။ ရန်ကုန်ကို သင်္ကြန်ပြန်တော့မှပဲ တွေ့ရတော့မယ်။ အိမ်ပြန်ချင်လိုက်တာ....









1 comment:

SZA said...

အရုပ်လေးနဲ့တူတယ် ချစ်စရာကောင်းလိုက်တာ