Sunday, November 30, 2008

စားပါဦး

ဒီတစ်ပတ် ဟင်းချက်စားဖြစ်တယ်။ ဟင်းမချက်စားဖြစ်တာ ကြာပြန်ပြီ။ ဈေးသွားရမှာ ပျင်းတယ်။ မဟုတ်ဘူး ဈေးသွားရမှာ ပျင်းတာ မဟုတ်ဘူး။ ဈေးကနေ ပစ်စည်းတစ်ပုံတစ်ပင်နဲ့ပြန်လာရမှာ ပျင်းတာ။ ဟီး အဲဒါနဲ့ မသွားဖြစ်ပြန်ဘူး။ သောကြာနေ့က class cancel ဆိုတော့ ဈေးသွားလိုက်တယ်။ Bangkapi ဈေးမှာ အသီးတွေကလဲ ပေါလိုက်တာ။ ဈေးလဲသက်သာတယ်။ ဒီတစ်ပတ် စပျစ်သီး၊ ပန်းသီး၊ လုံရယ်သီးတွေ ၀ယ်ဖြစ်တယ်။ ပန်းသီးက မကြိုက်ပေါင်...၀ိတ်ကျတယ်ဆိုလို့ မတတ်သာလို့ စားရဦးမယ် :(

သောကြာနေ့ညက ကြက်သားသုပ်စားတယ်။ ကြက်သားကို ပဲမှုန့်၊ဆီချက်၊ကြက်သွန်နီလေးပါးပါးလှီး..အချဉ်မထည့်ပဲသုပ်လိုက်တယ်။ ကြက်သားပြုတ်ထားတဲ့ ဟင်းရည်ကိုကျတော့ ကြက်သွန်နီးပါးပါးလှီးထည့်၊ နံနံပင်ပါးပါးလှီး၊ ငရုတ်သီးစိမ်းလေးထည့် သံပုရာရည်ညှစ်ပြီး ချဉ်ချဉ်လေးလုပ်လိုက်တယ်။



စနေနေ့က အုန်းနို့ခေါက်ဆွဲချက်စားတယ်။ ချက်စားဖို့အစီအစဉ်မရှိတော့ BigC သွားပြီး ဘဲသွေး ၀ယ်မထားမိဘူး။ ဒီတစ်ခါ ဘဲသွေးမပါဘူးပေါ့။ ၂ အိုးချက်တာ တစ်အိုးနဲ့ တစ်အိုး အရသာမတူသလို ခံစားရတယ်။ဟီး..(အဲလိုပဲ တော်တာ)...



ဒီနေ့က ကုလားပဲနဲ့ ကြက်တောင်ပံ၊ ပဲစောင်းလျားသီး (စာလုံးပေါင်းမှန်လားတော့မသိဘူး)သုပ်၊ အာလူးနဲ့ ကြက်ဥကြော် (၀ိတ်ကတော့ ကျဦးမယ်)။ ဟဲဟဲ စားပါဦး။



081128 TVXQ Ootchatsa

ပျင်းနေတာနဲ့ ဘလော့မရေးတာတောင်ကြာပြီ။ ဒီနေ့ DBSK ရဲ့ clip လေးတစ်ခု youtube မှာ ကြည့်မိတယ်။ gag concert ကို သွားတဲ့ဟာလေး။ အဲဒီ gag concert ကို Suju လဲ အမြဲသွားတယ်။ ဟာသ သရုပ်ဆောင်လိုမျိုးတွေ လုပ်ပြရတာ။ အရမ်းရီရတယ်။ တော်တော်လဲ မျက်နှာပြောင်မှရမယ်။ အခု ကြည့်တဲ့ DBSK clip လဲ အရမ်းကိုရီရတယ်။ u know တို့ အဲလိုလုပ်တတ်လိမ့်မယ်တောင် မထင်ရဘူး။ အင်္ဂလိပ်စာတန်းထိုးပါတော့ နားလယ်သွားတာပေါ့။ အစက စာတန်းထိုးမပါတာ ကို အရင်ကြည့်လိုက်သေးတယ်။ နောက်မှ စာတန်းထိုးနဲ့ သွားတွေ့တာ။

DBSK @ gag concert










*According to comments, I change the title from "TVXQ 081128 @ gag concert" to "081128 TVXQ Ootchatsa". :D

Friday, November 14, 2008

Dong Bang Shin Ki - Mirotic Repackage

DBSK ရဲ့ Mirotic Repackage Album ထဲက နံပါတ် ၆ မှာ Super Junior ထဲက Kyu Hyun နဲ့ Ryeo Wook ၂ ယောက်လဲ ၀င်ဆိုထားတယ်။ suju fan တွေ အားလုံးက အဲဒီသီချင်းလေးကို မျှော်နေကြတာ။ သီချင်းနာမည်က wish တဲ့။ suju ရဲ့ performance တွေက ဒီကြားထဲမှာ ရပ်နေသေးတယ်။ တတိယ album အတွက်တော့ သီချင်းတွေ စသွင်းနေပြီတဲ့။ နောက်နှစ်လယ်လောက်မှ ထွက်မယ်လို့ပြောကြတာပဲ။ wish သီချင်းလေးက suju အလွမ်းပြေ သီချင်းသစ်လေးပေါ့။....

DBSK - Mirotic Repackage



02. 사랑아 울지마 [MF]
06. 소원 ft Kyu Hyun and Ryeo Wook[MF]
10. 사랑 안녕 사랑 [MF]
14. Don't Say Goodbye [MF]

We really miss u !!!


SHINee - Eco Water Song

ကမ်ဘာပေါ်မှာ ရှိတဲ့ ရေတွေကို မဖြုန်းတီးဖို့ အကျိုးရှိရှိသုံးဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆိုထားတဲ့ SHINee ရဲ့ Eco Water Song လေးလဲ နားထောင်လို့ကောင်းတယ်။ SHINee forum subbing က အရမ်းမြန်တယ်။ သီချင်းထွက်တာနဲ့ ကာရာအိုကေရော အင်္ဂလိပ်လို translation ရော ချက်ခြင်းထွက်လာတယ်။ ၁၂ ရက်နေ့က Eco Water Campaign မှာ SHINee က ကလေးလေးတစ်ယောက်နဲ့ တွဲပြီး အဲဒီသီချင်းလေးဆိုသွားတယ်။ ကလေးလေးက ချစ်စရာလေး ပြုံးနေတာပဲ။ သူလဲ SHINee fan လား မသိပါဘူး မျက်နှာလေးကို ပြုံးနေတာပဲ။ ကြောင်လဲ မကြောင်ဘူး။ SHINee ကတော့ ပြောစရာကိုမလိုဘူး။ ဒီသီချင်းမှာ rap ဆိုနေကြ Minho က solo လေးဆိုထားတယ်။ so cooooooool :)

SHINee - Eco Water Song MP3

Download [MF]















BVLGARI



အဲဒီရေမွှေးအရမ်းလိုချင်နေတယ်။ ဒီလကုန်ရင်ဝယ်မလားလို့။ Super Show ထဲမှာ Kyu Hyun ဆွတ်ပြတာလေး :P။ The Mall Bangkapi မှာ မထင်ပဲနဲ့ သွားတွေ့တယ်။ ဘတ် ၃၄၀၀ တဲ့။ ၀ယ်လိုက်ရင်ကောင်းမလား။ အနံ့လေးကလဲ မွှေးနေတာပဲ။ ဟီဟိ။ ၀ယ်ရင်ကောင်းမလား...၀ယ်ရင်ကောင်းမလား။







My Lovely Boy with wicky smile ...hehehe :D


081109 SBS Challenge 1000 Songs Onew & Jong Hyun

ဒီလ ၉ ရက်နေ့က လုပ်တဲ့ 1000 Songs Challenge မှာ Onew နဲ့ Jong Hyun ဆိုတဲ့ သီချင်းလေးတွေ အရမ်းနားထောင်လို့ကောင်းတာပဲ။ သီချင်းအပုဒ်ပေါင်း ၁၀၀၀ ထဲက random ကျရာကို ဆိုရတာ။ SHINee က နောက်ဆုံး final round အထိ ရောက်လာပြီးမှ နောက်ဆုံး Jong Hyun သီချင်းကျမှ ရှုံးသွားတယ်။ ဟိုဘက်က ရွေးတဲ့သီချင်းကို Jong Hyun က မရဘူး။ Onew ကလဲ မရဘူး။ နှမြောစရာကြီး။ တောက်လျှောက်ကောင်းလာပြီးမှ နောက်ဆုံးတစ်ပုဒ်ကျမှပဲ ကပ်ရှုံးသွားတော့တယ်။ Jong Hyun ကတော့လေ....ရိုက်ချင်တယ်။

သီချင်းလေးတွေကို ipod ထဲမှာ နားထောင်ချင်လို့ rip လုပ်ထားလိုက်တယ်။ နောက်က စကားပြောသံ ရီသံတွေတော့ပါတယ်။ ဒါပေမယ့် သီချင်းကိုတော့ ကြည်ကြည်လင်လင်ကြားရတယ်။ video ကတော့ မတင်တော့ဘူး။ SHINee international forum ရဲ့ rule နဲ့ ညိမှာစိုးလို့။ အဲဒီဖိုရမ်ထဲမှာတော့ SHINee နဲ့ပတ်သက်တာမှန်သမျှအကုန်ရှိတယ်။ အင်္ဂလိပ်လိုဆိုတော့ အရမ်းအဆင်ပြေတယ်။

081109 SBS Challenge 1000 Songs

Onew - I'll Give Everything
[MF]
Jonghyun - The End of This Night
[MF]
Onew - 4 Beats
[MF]
Jonghyun - One More Time Even If You Hate Me
[MF]
Onew - Ddaeng Bul
[MF]











Wednesday, November 12, 2008

!_!

I've just accidently deleted 19 Super Junior posts....
19 Posts are gone in just one click.
Actually , I tried to remove label.
oh!!! wanna cry ! wanna die !

Thursday, November 6, 2008

Super Junior T - Rokkugo! (Japanese Ver)

Super Junior ရဲ့ Rokkugo Japanese Version ထွက်လာပြီ။ သီချင်းက ၂ ပုဒ်ပဲပါတာပါ။ ကျန်တဲ့ ၃ ပုဒ်က Inst. ။ Rokkugo က ကိုရီးယားလိုနားထောင်နေကြမို့လားမသိဘူး ဂျပန်လိုဆိုထားတော့ တစ်မျိုးကြီးဖြစ်နေတယ်။ ဒုတိယ သီချင်းလေးကို အရမ်းကြိုက်တယ်။ Sung Min အသံလေးက သိပ်နားထောင်လို့ကောင်းတာပဲ။ sweet voice ။

Super Junior T - Rokkugo (Japanese Version)



01. Rokkugo!
02. Ashita no Tame ni
03. Rokkugo! (Inst.)
04. Ashita no Tame ni (Inst.)
05. Ashita no Tame ni (Inst. with MoeYan)

Download [MF]

Monday, November 3, 2008

SHINee-AMIGO MV

Ahhhhhhhhh!! SHINee's AMIGO MV is out !! They are so sexy :P. Their dancing is very smooth. Minho is so handsome. But very few sense of my ONEW. Anyway, I like their MV very much....

SHINee HWAITING !!!

SHINee - AMIGO MV



Download
Part 1 [MF] Part 2 [MF]
Part 3 [MF] Part 4 [MF]