Sunday, February 8, 2009

SM Town Concert Press Conference [Feb 06 2009 Friday]

အစီအစဉ်မရှိပဲနဲ့ SM Town Concert Press Conference ကို ခဏကြည့်လိုက်ရတယ်။ လုပ်တဲ့နေ့က သောကြာနေ့ဖြစ်နေတော့ ရုံးကနေလစ်လို့မရတာနဲ့ မသွားတော့ပါဘူးလေလို့ လုပ်ထားတာ။ ဒါပေမယ့် ရုံးဆင်းတော့ BTS ပေါ်ကနေ လှမ်းကြည့်လိုက်တော့ အရမ်းအဆင်ပြေနေတာနဲ့ ကြည့်ဖြစ်သွားတယ်။ တကယ်တန်းတော့ သိပ်သွားချင်တာပဲ။ သူငယ်ချင်းကလဲ သွားချင်တယ်။ သူကလဲ ရုံးကနေလာလို့မရ။ လုံးဝမကြည့်လိုက်ရတာထက်စာရင်တော့ နဲနဲတော့ မြင်လိုက်ရသေးတာပေါ့လေ။

Super Junior , SHINee, Zhang Li Yin တို့လာကြတယ်။ DBSK နဲ့ Girls Generation က အဲဒီနေ့က ရောက်မလာသေးဘူး.။ Suju ထဲကတောင် ၁၀ ယောက်ပဲပါတယ်။ Kyu Hyun, Hee Chul, Ki Bum တို့ပါမလာသေးဘူး။ [Ki Bum က concert လဲ မလာနိုင်ဘူး။ သူ့အမေ နေမကောင်းဘူးတဲ့...]။။

ထုံးစံအတိုင်းပဲ Kang In က ပြောလိုက်တဲ့စကား..သူက ခေါင်းဆောင်ကျနေတာပဲ။ ခေါင်းဆောင်လုပ်တဲ့ Lee Teuk က တောင် နောက်တန်းမှာထိုင်ပြီး နဲနဲပဲပြောရတယ်။ Kang In ပဲ အကုန်ပြောသွားတာ။ ပြီးတော့ အကြီး ပီသစွာနဲ့ SHINee တို့ Zhang Li Yin တို့ကို ခဏခဏပွဲထုတ်ပေးရှာတယ်။ SM Town က အမြဲတန်းအဲလိုပဲ။ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတယ်။

နောက်တော့ Yamaha က လက်ဆောင်တွေပေးတော့ suju ထဲက Dong Hae, Si Won တို့က ယူကြတယ်။ SHINee ထဲက Onew နဲ့ Tae Min က ယူကြတယ်။ Zhang Li Yin ကိုလဲပေးတယ်။ သူလဲ ချစ်စရာလေး။

ကြည့်ချင်တာ ကြည့်လိုက်ရတော့ အဲဒီနေ့က စိတ်ချမ်းသာသွားတယ်..ဟဲ

  
  


Our Super Junior....Kang In က ပြုံးနေတာပဲ ဘာတွေ သဘောကျနေလဲ မသိဘူး။ အရှေ့လှည့်လိုက်.. နောက်လှည့်လိုက်...ဘေးက မိုက် ကို ဆွဲယူလိုက်နဲ့.. Sung Min က ငြိမ်နေတယ်။ Shin Dong က ထိုင်းလို ၁၂၃၄ ကို ရွတ်ပြသေးတယ်။ Eun Hyuk လဲ စကားတွေ အများကြီးပြောတယ်။

  


My SHINee World.... :) Kang In က သူတို့ ထွက်ပြီး နှုတ်ဆက်ခိုင်းတယ်။ ပြုံးနေတာပဲ...ချစ်စရာလေး... :D



Zhang Li Yin..တစ်ယောက်ထဲဆိုတော့ ပျင်းနေရှာမှာပဲ။ သူလဲ ငြိမ်ငြိမ်လေးပဲ ထိုင်နေတယ်။



တော်ရုံတန်ရုံဇွဲ...တော်ရုံတန်ရုံ ချစ်တဲ့ စိတ်နဲ့တော့ စောင့်လို့မရဘုး။ နာရီဝက်လောက်လေး မြင်ရဖို့ကို တစ်နေကုန်စောင့်မှရတယ်။ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းလဲစာနိုင်မှာ။ မနှစ်က သွားတုန်းကလဲ ညနေ ၆ နာရီမှ လာမှာကို မနက် ၁၀ နာရီထဲက သွားစောင့်နေရတယ်။ ကိုယ်ကြိုက်တဲ့သူတွေကြည့်ဖို့ ဒီလောက်တော့ သီးခံရမှာပေါ့လေ.. :)

  
  


Pic credit to : http://www.pingbook.com

No comments: