
1) Sorry Sorry
တစ်ခွေလုံးရဲ့ အကောင်းဆုံးသီချင်းပါပဲ။ စပြီး preview ထွက်ထဲက အရမ်းကို ကြိုက်တာပဲ။ Performace တွေမှာလဲ ကတာ အရမ်းကို လှတာပဲ။ သီချင်းကလဲ အရမ်းမြူးတယ်။

2) Why I Like You
Why I like you.. cause you are my Super Junior... (like my friend said) .. ဒီသီချင်းက တတိယ အကြိုက်ဆုံး။ ဒီသီချင်းမှာလဲ ကတာတွေ လှတယ်။ ရိုးရိုးလေးနဲ့ ဆန်းတယ်။

3) Let's Not
အဆွေးသီချင်းလေး။ KRY ဆိုတာများတယ်။ Wookie အသံလေးက နားထောင်လို့ကောင်းတယ်။ Kyu Hyun အသံကတော့ ပြောစရာကို မလိုပါဘူးလေ။

4) Angela
တစ်ခွေလုံးရဲ့ ဒုတိယအကြိုက်ဆုံးသီချင်း။ ပထမဆုံးစစချင်း Kyu Hyun ဆိုတဲ့ အပိုဒ်ရဲ့ သံစဉ်လေးကို အရမ်းကြိုက်တယ်။ I love you everyday..........................

5) Reset
ဒီသီချင်းလဲ မိုက်တယ်။ Press the Reset !! Press the Rest !! Sukira Radio မှာတောင် Live ဆိုသွားသေးတယ်။

6) Monster ဒီသီချင်းကိုလဲ တော်တော်များများကြိုက်ကြတယ်။ Just like that.......

7) What If
ဒါလဲ အဆွေးသီချင်းပဲ။ အေးအေးဆေးဆေးလေး...နားထောင်လို့ကောင်းတယ်။ Dong Hae အသံကလဲ Rap လဲရသလို အေးအေးလေးလဲ နားထောင်လို့ကောင်းတာပဲ။ (Dong Hae ကြိုက်တဲ့ ညီမလေး တစ်ယောက်တော့ မျက်ခုံးလှုပ်နေလောက်ပြီ )

8) Heartquake
ဒီသီချင်းမိုက်တယ်။ DBSK က U-Know နဲ့ Micky လဲ ၀င်ဆိုထားတယ်။ ဒီသီချင်းကိုလဲ လူတိုင်းလိုလိုကြိုက်ကြတယ်။ Yesung fan တွေက ပိုကြိုက်မယ် ထင်တယ်။ သူ့အသံပိုများတယ်။

9) Club No 1
ဒီသီချင်းတော့ သိပ်အကြိုက်ကြီးလဲ မဟုတ်ဘူး။ မကြိုက်ဖူးလဲ မဟုတ်ဘူး။ Lee Yeon Hee က featuring ၀င်ဆိုထားတယ်။ သိပ်အကောင်းကြီးတော့ မဟုတ်ဘူး။

10) Happy Together
သီချင်းလေးအတိုင်းပဲ။ Happy Together ပဲ။ သီချင်းလေးက ချစ်စရာလေး။

11) Dead at Heart
Kyu Hyun ရဲ့ အသံဆွေးဆွေးလေး ကြားရမယ့် သီချင်းလေး။

12) Shining Star
shining star! like a little diamond, makes me love ... hyuk ရဲ့ Rap ကို အများကြီးကြားရမယ်။ ဒီသီချင်းလဲ သိပ်ကြိုက်တယ်။

တကယ်တန်းတော့ အကုန်လုံး ကြိုက်ပါတယ်။ super junior ကိုး။ သူတို့ ဘာလုပ်လုပ်ကြိုက်တာပါပဲ။ Why I Like You? Because you are our Super Junior (credit t0 :: my friend Jewel's Moon) :D
သီချင်းတွေ အကုန်လုံး translation ကအစ soompi forum ထဲမှာအကုန်လုံးရှိနေပါပြီ။
Super Junior 3rd Full Lyrics and Translation
No comments:
Post a Comment