Monday, February 23, 2009

Nanas' B / SHINee BB Cream

SHINee ကြော်ငြာတဲ့ Nanas' B / SHINee BB Cream လိုချင်တယ်။ လိုချင်တယ်။
အွန်လိုင်းကနေမှာ ဘတ် ၇၅၀ ကျော်ကျမယ်တဲ့။ ဈေးများတယ်။
ကောင်းမကောင်းလဲ မသိဘူး။ ဒါပေမယ့် SHINee ကြော်ငြာတော့ လိုချင်ပြန်ရော။

Thursday, February 19, 2009

Ryeo Wook & Kyu - The Moon Represents My Heart

After watching this...tear down !!!!!
so sweet...so touch !!!

Tuesday, February 17, 2009

Tae Goon - Call Me

နောက်ထွက်တဲ့ အသစ်တွေထဲမှာ ကြိုက်တာက Tae Goon ။ သူ့ရဲ့ MV မှာ Jae Joon (DBSK) ပါတယ်ဆိုလို့ ကြည့်မိရာကနေ Call Me သီချင်းကို ကြိုက်သွားတယ်။ သူနဲ့ JJ က သူငယ်ချင်းတွေတဲ့။ Call Me လိုပဲ နောက်ကြိုက်တဲ့ တစ်ပုဒ်က One Two Step။ အခုတစ်လောတော့ DBSK ရဲ့ Bolero နဲ့ Tae Goon ရဲ့ သီချင်းတွေ ခဏခဏဖွင့်နေမိတယ်။

Tae Goon - Call Me

01.Intro
02.Call Me
03.One Two Step
04.My Girl
05.I understand you (ft H. Eugene)
06.Hands Up

Download [SB]

Tae Goon - Call Me Music Video

Download [SB]

DBSK [Tohoshiki] - Bolero

အခုလောလောဆယ်တော့ DBSK ရဲ့ Bolero သီချင်းကို အသေအလဲ ကြိုက်နေတယ်။ SM Town Concert ပြီးသွားထဲက DBSK ဘက်ကို စိတ်ပြန်လည်သွားတယ်။ ဟီးဟီး....

DBSK - Bolero




01.Bolero
02.Kiss The Baby Sky
03.Wasurenaide
04.Bolero (Less Vocal)
05.Kiss The Baby Sky (Less Vocal)
06.Wasurenaide (Less Vocal)

Download [SB]


SM Town Concert [Feb 07 2009] Part 2

ညနေ ၅ နာရီ ထိုးခါနီးတော့ ပထမဂိတ်ကို ဖြတ်ပြီး အပေါ်ကို တက်ခဲ့ကြတယ်။ အပေါ်မှာလဲ လူတွေ တော်တော်ကို ရောက်နေပြီ။ အပေါ်ဘက်ကနေ အောက်ကို ပြန်ကြည့်လိုက်တော့ နည်းတဲ့သူတွေ မဟုတ်ဘူး။ ကြိတ်ကြိတ်တိုးနေတာပဲ ပျော်စရာကြီး။ အကျီအရောင်တွေက အနီရောင်နဲ့ အပြာရောင်တွေ ... အများကြီး။ SHINee ရဲ့ အစိမ်းရောင်လေးကနည်းတယ်။ ကိုယ်ကတော့ အစိမ်းလေးဝတ်သွားပါတယ်။ SHINee အတွက်။
 


အထဲမှာလဲ ကြမ်းပြင်မှာ ထိုင်တဲ့သူတွေကထိုင်။ ဟိုသွားဒီသွား ဓါတ်ပုံရိုက်တဲ့သူတွေကရိုက်နဲ့ စည်ကားနေတာပဲ။


SHINee ယပ်တောင်လေးနဲ့ Onew ပုံလေး ၀ယ်ဖြစ်တယ်။ Onew ပုံလေးက တော်တော်ကြီးတယ်။ ပျောက်သွားမှာ စိုးတာနဲ့ ပိုက်ဆံအိတ်မှာ ချိတ်ထားလိုက်တယ်။ အထဲမှာ ထည့်ရအောင်လဲ မဆန့်ဘူးလေ။
 


ကွင်းထဲ ထိုင်ရမယ့် နေရာကို လှမ်းကြည့်လိုက်တော့ နေအေးနေတာနဲ့ အထဲကို ၀င်ခဲ့လိုက်ကြတယ်။ ကံကောင်းတယ်။ ကိုယ့်နေရာတွေက နေအေးနေပြီ။ လေတဖြူးဖြူးတောင် တိုက်နေသေးတယ်။ ဟိုးအနောက်ဘက်ခြမ်းကတွေဆို နေပူနေတုန်းပဲ။ သနားပါတယ်။ လာထိုင်တဲ့သူတွေလဲ လာထိုင်ကြပြီ။
 


ဘေးမှာက ကိုးရီးယားလို ၀တ်လာတဲ့ ကောင်မလေး။ ဘေးနားပတ်ပတ်လည်က သူ့ကိုဝိုင်းကြည့်ပြီး သဘောကျနေကြတော့ ပဲလေးက ခပ်များများ။ :)


SHINee ဘောလုံးလေး အမှတ်တရ။ ဟီး တကယ်တန်းပွဲလဲစရော လေပြန်ထုတ်ပြီး ပြန်သိမ်းထားလိုက်တယ်။ မကိုင်နိုင်ပါဘူး။ ဖုန်းကလဲ ကိုင်ထားရသေးတယ်။ ဟိုရိုက်ဒီရိုက်လုပ်ချင်တာကိုး။ ပျောက်သွားမှာလဲ စိုးသေးတယ်။ (ပြန်ဝယ်ရင်လဲ ဘတ် ၄၀ ပဲပေးရတာပါ) :D
 


နောက်တော့ တဖြည်းဖြည်းလူတွေများလာတယ်။ ၆ နာရီလဲ ထိုးခါနီးပြီကိုး။ တကွင်းလုံးလဲ အနီရောင် အပြာရောင်တွေ လွှမ်းလာတယ်။ စင်ပေါ်ကိုလဲ တကြည့်ကြည့်နဲ့။ မျှော်လှပြီ....
 


နောက်တော့ ထိုင်းဘုရင်ကြီးရဲ့ သီချင်းလာတော့ မတ်တတ်ရပ်ကြတယ်။ ပြီးတော့.....SHINee က Run It သီချင်းနဲ့...စင်ပေါ်ကို တက်လာပါတော့တယ်.................. Oh!! my lovely SHINee... miss you so much !!!

Sunday, February 8, 2009

SM Town Concert [Feb 07 2009] Part 1

Yahama က present လုပ်တဲ့ SM Town Concert ကို Rajamangala National Stadium မှာ လုပ်သွားပါတယ်။ အရင်တုန်းကတော့ Impact မှာပဲ လုပ်တာများတယ်။ အခုတစ်ခေါက်မှာတော့ ပိုကွင်းကြီးပြီး လူပိုဆန့်တဲ့ ဒီ stadium မှာ လုပ်သွားတာပါ။ ကံကောင်းတာပေါ့။ အိမ်နဲ့ ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရတယ်လေ။ ၀င်ဝင်ခြင်းက အဲဒီနေရာလေးမှာတောင် ဓါတ်ပုံ မရိုက်လိုက်ရဘူး။ လူတွေ တန်းစီနေတာပဲ ရိုက်နေကြတာ။ နေကလဲ အရမ်းပူတယ်။ ညနေ ၆ နာရီမှာ စပေမယ့် နေ့လယ် ၃ နာရီကျော်ထဲကသွားကြတာကိုး။

ပျော်စရာကြီးလေ။ လူတွေကလဲ အများကြီးပဲ။ အရောင်တွေကလဲ စုံနေတာပဲ။ SM Town Concert အတွက် ထုတ်တဲ့ အကျီဝတ်လာတဲ့သူတွေရှိသလို..Super Junior ကို အားပေးသူတွေက အပြာရောင်၊ DBSK ကို အားပေးတဲ့ သူတွေက အနီရောင်၊ SHINee ကို အားပေးတဲ့ သူတွေက စိမ်းပြာရောင် (It's me!!) ..Girls Generation ကို အားပေးတဲ့ သူတွေက ပန်းရောင်၊ Zhang Li Yin ကို အားပေးတဲ့သူတွေက ရွှေရောင်နဲ့ တစ်ကွင်းလုံးကို အရောင်စုံနေတာပဲ။

ဒီလိုလဲ အမှတ်တရ ပစ်စည်းတွေ ၀ယ်လို့ရတယ်။ stick light တွေ အရမ်းရောင်းရတယ်။ ညရောက်ရင် ထွန်းကြမှာကိုး။ ကိုယ်ကြိုက်တဲ့အဖွဲ့အတွက် ၀ယ်ကြတာပါပဲ။



ဒီလို banner board အကြီးကြီးတွေ ထုတ်လာကြတဲ့သူတွေမှ အများကြီးပဲ။ အရမ်းမိုက်တယ်။ ဓါတ်ပုံတွဲရိုက်လို့လဲ ရတယ်။ တစ်ချို့တွေက ချိတ်ထားကြတယ်။ တစ်ချို့ကြတော့လဲ လူလေးယောက်လောက် ကိုင်ပြီး လျှောက်သွားပြီး ဓါတ်ပုံအရိုက်ခံကြတယ်။ အရမ်းပျော်ဖို့ကောင်းတယ်။



ဟဲဟဲ...ဒါလေးက my SHINee banner လေး။

ဒီလို အမှတ်တရ လက်မှတ်ထိုး...ကိုယ်ရေးချင်တာလေး ရေးလို့လဲရတယ်။ အမှတ်တရပေါ့။


လာမယ့် အဖွဲ့တွေရဲ့ ဒီလို board အကြီးကြီးတွေလဲ လုပ်ထားတယ်။ အရမ်းလှတယ်။ ဓါတ်ပုံတွဲရိုက်လို့ရတာပေါ့။ SHINee ကြိုက်တဲ့သူဆိုတော့ SHINee ကိုပဲ ရိုက်လာမိတယ်။ ကင်မရာယူလို့မရတော့ ဖုန်းဘက်ထရီကိုချွေတာတာလဲ ပါတာပေါ့လေ။


DBSK ကို မနာလိုတဲ့ Presenter 2 ယောက်လေ။ u-know ပုံကို လှမ်းရိုက်လိုက်..ခေါင်းနဲ့လှမ်းတိုက်လိုက်.. ဘေးမှာ ပတ်ချာလည်ဝိုင်းနေတဲ့ ကောင်မလေးတွေက အော်လိုက်နဲ့။ ကောင်မလေးတွေကို လိုက်စနေကြတာလေ။ သူတို့ကြိုက်တဲ့ artist ကိုလုပ်တော့ အော်ကြတာပေါ့။


official products တွေရောင်းတဲ့ဆိုင်လေ..ဈေးကြီးတယ်။ ၀ယ်တဲ့လူတွေလဲ ၀ယ်နေကြတာပါပဲ။ ဓါတ်ပုံမရိုက်ရဘူးဆိုလို့ ခိုးပြီးပဲ တစ်ပုံရိုက်လာခဲ့တာ။



Yahama ကလုပ်တာဆိုတော့ သူတို့ ကြော်ငြာသံတွေကလဲ ဆူညံနေတာပဲ။ လက်ဆောင်ပစ်စည်းတွေလဲ ဝေ.. အဲဒီအချိန်က ရှိုးလုပ်မယ့်နေရာကို ၀င်လို့မရသေးတော့ အပြင်မှာ အပြတ်လမ်းသလားနေကြတာပဲ။ ပူတော့ ရေတွေ အအေးတွေဝယ်သောက်.. ၀ယ်လာတဲ့ ယပ်တောင်လေးတွေခတ်ပေါ့...



ဒါက အ၀င်ရောက်ပြီ။ ၀င်တဲ့သူတွေလဲ စ၀င်ကြပြီ။ အပြင်မှာလျှောက်သွားတဲ့သူတွေကလဲ သွားနေတုန်းပဲ။ အဲဒီအချိန်မှာ ၅ နာရီလောက်ရှိပြီ ထင်တာပဲ။ နာရီတောင် မကြည့်မိပါဘူး။

SM Town Concert Press Conference [Feb 06 2009 Friday]

အစီအစဉ်မရှိပဲနဲ့ SM Town Concert Press Conference ကို ခဏကြည့်လိုက်ရတယ်။ လုပ်တဲ့နေ့က သောကြာနေ့ဖြစ်နေတော့ ရုံးကနေလစ်လို့မရတာနဲ့ မသွားတော့ပါဘူးလေလို့ လုပ်ထားတာ။ ဒါပေမယ့် ရုံးဆင်းတော့ BTS ပေါ်ကနေ လှမ်းကြည့်လိုက်တော့ အရမ်းအဆင်ပြေနေတာနဲ့ ကြည့်ဖြစ်သွားတယ်။ တကယ်တန်းတော့ သိပ်သွားချင်တာပဲ။ သူငယ်ချင်းကလဲ သွားချင်တယ်။ သူကလဲ ရုံးကနေလာလို့မရ။ လုံးဝမကြည့်လိုက်ရတာထက်စာရင်တော့ နဲနဲတော့ မြင်လိုက်ရသေးတာပေါ့လေ။

Super Junior , SHINee, Zhang Li Yin တို့လာကြတယ်။ DBSK နဲ့ Girls Generation က အဲဒီနေ့က ရောက်မလာသေးဘူး.။ Suju ထဲကတောင် ၁၀ ယောက်ပဲပါတယ်။ Kyu Hyun, Hee Chul, Ki Bum တို့ပါမလာသေးဘူး။ [Ki Bum က concert လဲ မလာနိုင်ဘူး။ သူ့အမေ နေမကောင်းဘူးတဲ့...]။။

ထုံးစံအတိုင်းပဲ Kang In က ပြောလိုက်တဲ့စကား..သူက ခေါင်းဆောင်ကျနေတာပဲ။ ခေါင်းဆောင်လုပ်တဲ့ Lee Teuk က တောင် နောက်တန်းမှာထိုင်ပြီး နဲနဲပဲပြောရတယ်။ Kang In ပဲ အကုန်ပြောသွားတာ။ ပြီးတော့ အကြီး ပီသစွာနဲ့ SHINee တို့ Zhang Li Yin တို့ကို ခဏခဏပွဲထုတ်ပေးရှာတယ်။ SM Town က အမြဲတန်းအဲလိုပဲ။ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတယ်။

နောက်တော့ Yamaha က လက်ဆောင်တွေပေးတော့ suju ထဲက Dong Hae, Si Won တို့က ယူကြတယ်။ SHINee ထဲက Onew နဲ့ Tae Min က ယူကြတယ်။ Zhang Li Yin ကိုလဲပေးတယ်။ သူလဲ ချစ်စရာလေး။

ကြည့်ချင်တာ ကြည့်လိုက်ရတော့ အဲဒီနေ့က စိတ်ချမ်းသာသွားတယ်..ဟဲ

  
  


Our Super Junior....Kang In က ပြုံးနေတာပဲ ဘာတွေ သဘောကျနေလဲ မသိဘူး။ အရှေ့လှည့်လိုက်.. နောက်လှည့်လိုက်...ဘေးက မိုက် ကို ဆွဲယူလိုက်နဲ့.. Sung Min က ငြိမ်နေတယ်။ Shin Dong က ထိုင်းလို ၁၂၃၄ ကို ရွတ်ပြသေးတယ်။ Eun Hyuk လဲ စကားတွေ အများကြီးပြောတယ်။

  


My SHINee World.... :) Kang In က သူတို့ ထွက်ပြီး နှုတ်ဆက်ခိုင်းတယ်။ ပြုံးနေတာပဲ...ချစ်စရာလေး... :D



Zhang Li Yin..တစ်ယောက်ထဲဆိုတော့ ပျင်းနေရှာမှာပဲ။ သူလဲ ငြိမ်ငြိမ်လေးပဲ ထိုင်နေတယ်။



တော်ရုံတန်ရုံဇွဲ...တော်ရုံတန်ရုံ ချစ်တဲ့ စိတ်နဲ့တော့ စောင့်လို့မရဘုး။ နာရီဝက်လောက်လေး မြင်ရဖို့ကို တစ်နေကုန်စောင့်မှရတယ်။ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းလဲစာနိုင်မှာ။ မနှစ်က သွားတုန်းကလဲ ညနေ ၆ နာရီမှ လာမှာကို မနက် ၁၀ နာရီထဲက သွားစောင့်နေရတယ်။ ကိုယ်ကြိုက်တဲ့သူတွေကြည့်ဖို့ ဒီလောက်တော့ သီးခံရမှာပေါ့လေ.. :)

  
  


Pic credit to : http://www.pingbook.com