အခုတစ်လော my favorite playlist ကတော့ 2AM + 2PM လို့ပြောရမယ်။ SHINEE လဲ ကျန်သေးတယ်။ 2AM ကို 2PM ထက်ပိုကြိုက်တယ်။ 2AM က Ballad။ 2PM ကတော့ hot တယ်။ Inkigayo Performances တွေမှာလဲ ကောင်းတယ်။ ဂျွမ်းထိုးတာတွေ မိုက်တယ်။ ရီလဲရီရတယ်။ 2AM ကတော့ သီချင်းအေးအေးလေး။ အသံတွေကောင်းတယ်။ 2AM ရဲ့ Music Video ကို ကြည့်မှ Joo Kwon တို့ ငယ်ငယ်လေးထဲက JYP ရဲ့ training တွေမှန်းသိတော့တယ်။ 2PM MV ကတော့ Hot and Sexy ပဲ။ ကောင်မလေးက လှလွန်းလို့ ၁၀ မှာ ၁၀ အမှတ်ပြည့်ပဲတဲ့။ Performance တွေထဲမှာတော့ ထိုင်းကောင်လေး Nikhun က သိပ်မဆိုရဘူး။ Language အခက်အခဲကြောင့်လားတော့ မသိဘူး။ သူက ကိုရီးယားတွေ ထက်တောင် ချောနေသေးတယ်။
Showing posts with label 2AM 2PM. Show all posts
Showing posts with label 2AM 2PM. Show all posts
Sunday, September 21, 2008
Tuesday, September 2, 2008
2AM + 2PM = 1Day
တနင်္ဂနွေနေ့က Super Junior ရဲ့ MBC EveryOne Idol World Show ကြည့်ဖြစ်တယ်။ ဒီတစ်ခါ guest က JYP ရဲ့ 2AM။ စစချင်းကြည့်တုန်းက JYP ရဲ့ production အောက်ကမှန်း မသိဘူး။ 2AM လို့ပဲသိလိုက်တာ။ နောက်မှ soompi ထဲမှာ ကြည့်လိုက်တော့မှ JYP ကမှန်းသိတာ။ Idol World မှာ အရမ်းရီရတယ်။ သူတို့ကို တော်တော်သဘောကျသွားတာနဲ့ သူတို့ first single album ကို နားထောင်ကြည့်လိုက်တာ ကြိုက်သွားတယ်။ အသံလဲ သိပ်မထူးခြားသလို သီချင်းလဲ သာမာန်ပါပဲ။ ဒါပေမယ့် သဘောကျတယ်။ ပဲလဲမများကြဘူး။ soompi ထဲမှာ ဖတ်ကြည့်မှ နောက်တစ်ဖွဲ့က 2PM တဲ့။ သူတို့အခွေတော့ နားမထောင်ကြည့်ရသေးဘူး။ အခုပဲ download လုပ်ထားတာ။ အဲဒီထဲမှာ ရေးထားတာက 2AM + 2PM = 1Day တဲ့။ အဲဒီ idea လေးကို ကြိုက်တယ်။
Subscribe to:
Posts (Atom)