Battle အဖွဲ့ထဲ့ Tae Hwa, Chirs, Ki Yong တို့ ၃ ယောက် SES သီချင်းလေးနဲ့ ကထားပါ။ မိန်းကလေး သီချင်းဆိုတော့ ဂါဝန်ပုံစံလိုမျိုးဖြစ်အောင်လဲ ၀တ်လိုက်သေးတယ်။ တော်တော်တော့ ကြာပြီနဲ့တူပါတယ်။ အခုမှ အဲဒီ clip လေးကိုတွေ့တာ။ SES သီချင်းလေးက ချစ်စရာလေး။ ဘာသီချင်းလဲတော့ မသိဘူး။
Showing posts with label Battle. Show all posts
Showing posts with label Battle. Show all posts
Sunday, June 29, 2008
20 Jun 2008 Music Bank Backstage - Battle Shuffle Dance
အခုတစ်လော အရမ်းကြိုက်နေတဲ့ Battle အဖွဲ့ရဲ့ အရမ်းရီရတဲ့ Dance Clip လေးပါ။ Tae Hwa က ရှေ့ကနေ သူတို့ Step By Step ထဲက ကကွက်တစ်ချို့ကို သင်ပေးတယ်။ နောက်က Lio, Ryu, Chris တို့ ၃ ယောက်က လိုက်ကပြတယ်။ ဒါပေမယ့် Lio နဲ့ Ryu တို့က တစ်ကွက်ပိုပိုပြီးကတယ်။ အစကတော့ Tae Hwa က ဘာမှမပြောဘူး။ နောက်တစ်ခါ ထပ်လုပ်တော့ စိတ်တိုလာတယ်နဲ့တူပါတယ်။ Ryu ကို လှမ်းရိုက်တယ်။ Chris ကလဲ အချောင် Ryu ကို လှမ်းရိုက်တယ်။ အရမ်းရီရတယ် နောက်ဆုံးကတဲ့အခန်းက... ခဏခဏကြည့်ဖြစ်တယ်။ ကြည့်တိုင်းလဲ ရီနေရတယ်။
Saturday, June 21, 2008
Battle - Step By Step Music Video
အခု ခဏခဏကြည့်ဖြစ်နေတဲ့ MV ကတော့ Battle ရဲ့ Step By Step ။ သီချင်းလေးကလဲ မြူးတယ်။ ကတာလဲ လှတယ်။ လူတွေကလဲ ပုံစံတွေ ပြောင်းထားတော့ မနည်းကို ဘယ်သူတွေလဲလို့ လိုက်ကြည့်ရတယ်။ Lio က ကျစ်ဆံမြည်းဆံပင်နဲ့ မိုက်တယ်။ Chirs ရဲ့ ဆံပင်အဖြူကိုတော့ သိပ်မကြိုက်ဘူး။ သိပ်မလှသလိုပဲ။ Hwi Chan ရဲ့ ဆံပင်ကတော့ အဆိုးဆုံးပဲ။ သူနဲ့ မလိုက်ဘူး။ Ryu လဲမိုက်တယ်။ Tae Hwa ကိုတော့ အကြိုက်ဆုံးပဲ။
Lio
Hwi Chan
Christ
Tae Hwa
Ryu
Subscribe to:
Posts (Atom)