Showing posts with label News. Show all posts
Showing posts with label News. Show all posts

Wednesday, May 16, 2007

Earthquake

ဒီနေ့ ဘန်ကောက်မှာ ငလျင်လှုပ်တယ်။ နေရာတိုင်းမှာတော့ မဟုတ်ဘူး။ ရည်မွန်တို့ ရုံးဘက်မှာ လှုပ်သွားတာ။ ရုံးက လေယာဉ်ကွင်းအဟောင်းဘက်နဲ့ နီးတယ်။ ချက်ခြင်း သူငယ်ချင်းတွေကို ဖုန်းဆက်မေးကြည့်တော့ သူတို့ဘက်တွေမှာ မလှုပ်ဘူးတဲ့။ အစက ခေါင်းမူးတယ်ထင်နေတာ။ ခန်းဆီးတွေလဲ ခါရမ်းနေတာပဲ။ နောက်တော့မှ ငလျင်လှုပ်တယ် ငလျင်လှုပ်တယ် ဆိုပြီး အားလုံးက လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြရော။ ခဏနေကြတော့ တစ်ခါထပ်လှုပ်ပြန်ရော။ ပထမတစ်ခါလှုပ်တုန်းက တစ်ရုံးလုံး ဘာမှမလုပ်ကြသေးဘူး။ ဒုတိယတစ်ခါလဲလှုပ်ရော တစ်ရုံးလုံး အောက်ဆင်းပြေးကြရော။ ရုံးကလဲ တစ်ရုံးလုံး အပြင်ထွက်နေပါလို့ ကြေငြာတယ်။ နာရီဝက် လေးဆယ့်ငါးမိနစ်လောက် အပြင်မှာ ရပ်စောင့်နေရတယ်။ ညနေ ၅ နာရီလဲထိုးရော ရုံးက အားလုံးကို ပြန်ခိုင်းလိုက်တယ်။ ပျော်ပျော်ကြီး ပြန်လာရတာပေါ့။ ငလျင်က ရန်ကုန်မှာလဲ လှုပ်သွားတယ်လို့ ပြောကြတယ်။ လာအိုမှာလဲ လှုပ်တယ်လို့ ရုံးမှာတော့ ပြောနေကြတာပဲ။ ဒါကတော့ ချင်းမိုင်မှာ လှုပ်သွားတဲ့ ငလျင်သတင်းပါ။
ဒါက ရည်မွန်တို့ရုံး...
ငလျင်လှုပ်တော့ အားလုံးအောက်ဆင်းလာကြရရော။ ဟိုနားစုစု..ဒီနားစုစုနဲ့ပေါ့။ ပြန်ဖို့လုပ်တဲ့ သူကလုပ်။ အပေါ်မော့ ကြည့်တဲ့သူက ကြည့်။ ပျော်စရာကြီး။ ဘာမှ မဖြစ်လို့တော်သေးတယ်။