Saturday, June 16, 2007

သီချင်းလေးကို ချစ်တာလား တို့ကိုချစ်တာလား



"သီချင်းလေးကို ချစ်တာလား တို့ကိုချစ်တာလား

တို့ရဲ့သီချင်းလေးကို မင်းခင်တွယ်တာလား
တိုရဲ့နှလုံးသားကို မင်းကြင်နာတာလား
ကွဲပြားခြားနားတဲ့ အဖြေကိုရောနှောမပြစ်လိုက်နဲ့
သေချာပြန်စဉ်းစားကြည့်လိုက်ဦး

မရေမရာတွေဝေကာ မှားယွင်းဆုံးဖြတ်မှာစိုးမိတယ်
ရောရောထွေးထွေးလာမချစ်နဲ့ကွယ်
တော်ကြာပြင်ရန်ခက်မယ်

မသေမချာဖြေသူရယ် ခွဲခွဲခြားခြားပြန်တွေးဦးကွယ်
နောက်တော့မှ တို့ကိုဆွေးရအောင်
ယာယီလာမချစ်နဲ့ကွယ်

တို့ရဲ့သီချင်းထဲမှာ မင်းသာယာတာလား
တို့ရဲ့နှလုံးသားကို မင်းလိုချင်တာလား
မင်းရဲ့အတွင်းစိတ်က ရည်ရွယ်ချက်ပြတ်ပြတ်သားသား
အချိန်ယူကာ အလေးအနက်ဆုံးဖြတ်ဦး

ဖြူဖြူစင်စင်ခင်နိုင်တယ်
သီချင်းလေးကြောင့်တို့ကို စွဲလမ်းရင်
သီချင်းလေးငြီးငွေ့သလို မင်းအချစ်တွေ
ကြာရှည်ခိုင်မာဖို့မလွယ်

မှန်မှန်ကန်ကန်ဆင်ခြင်ကာ
နောက်ဆုတ်သင့်ခဲ့ရင် နောက်ဆုတ်ပါ
အေးချမ်းတဲ့ဘ၀ လာမဖျက်နဲ့ကွာ
ကြိုတင်သတိပေးထားမယ်

မှန်မှန်ကန်ကန်ဆင်ခြင်ကာ
နောက်ဆုတ်သင့်ခဲ့ရင် နောက်ဆုတ်ပါ
အေးချမ်းတဲ့ဘ၀ လာမဖျက်နဲ့ကွာ
ကြိုတင်သတိပေးထားမယ်

မရေမရာတွေဝေကာ
မှားယွင်းဆုံးဖြတ်မှာစိုးမိတယ်
ရောရောထွေးထွေးလာမချစ်နဲ့ကွယ်
တော်ကြာပြင်ရန်ခက်မယ်

မသေမချာဖြေသူရယ်
ခွဲခွဲခြားခြားပြန်တွေးဦးကွယ်
နောက်တော့မှ တို့ကိုဆွေးရအောင်
ယာယီလာမချစ်နဲ့ကွယ်
ယာယီလာမချစ်နဲ့ကွယ်
ကြိုတင်သတိပေးထားမယ်

1 comment:

Ingrid said...

အဲဒီသီချင်းလေးကို အရမ်းကြိုက်တယ် ။ ကျောင်းတုန်းက သီချင်းဆိုတဲ့ အကြောင်းတွေ သတိရမိတယ် ။ ဟီ ဇာတ်လမ်းလေးတွေပေါ့နော် ဖရက်ရှာ် ၀ဲလ်ကမ်းတို့ ဖဲလ်ဝဲလ်တို့မှာ ဆိုတုန်းကပေါ့ ။