အဲဒီဈေးရောက်ရင် ရောင်းနေတဲ့ ခွေးလေးတွေ ကြောင်လေးတွေကို ဆိုင်ရှင် ကြိုက်ကြိုက် မကြိုက်ကြိုက် အတင်းကိုင်.. အတင်းဓါတ်ပုံရိုက်တာပဲ။ တစ်ခါတစ်လေ ဓါတ်ပုံရိုက်ဖို့တောင်မေ့တယ်။ ကြောင်လေးတွေကို သိပ်လိုချင်တာပဲ။ ခွေးတွေ သိပ်မချစ်တတ်ပေမယ့် အဲဒီဈေးမှာ ခွေးငယ်ငယ်လေးတွေကို တွေ့တော့ ချစ်တော့ ချစ်တယ်။ မျက်နှာလေးတွေက သနားစရာလေးတွေ။ ကြောင်လေးတွေဆိုလဲ အဲလိုပဲ။
ဒီခွေးလေးက ချစ်စရာလေး..ဖြူဖြူဖွေးဖွေးလေး။ အိပ်နေတာလေးက သနားစရာလေး။



ဒါလေးက လဲချစ်စရာလေး လျှာထုတ်ပြနေသေးတယ်။


ဒါက အင်မတန်လိုချင်သောခွေး။ သူက အဲကွန်းအခန်းထဲမှာ နေနေလေရဲ့။

ခွေးဘီလူးတော့ သိပ်မချစ်ဘူး။ အသဲယားတယ်။ အရေခွံတွေက တွန့်လိမ်နေလို့။

ဒီလိုခွေးမျိုးကို ဘယ်သူတွေဝယ်ပါလိမ့်။ အဟီး။ အရောင်ကတော့ နက်ပြောင်နေတာပဲ။ အညိုရောင်ကလဲ လှတော့ လှတယ်။

ကြောင်ကလေးတွေ သနားစရာ..

ဒီကြောင်အဖြူလေး ၂ ကောင်က ဟိုဘက်တစ်ခြမ်းက ခွေးလေးတွေကို လှမ်းစနေတယ်။ ကြောက်လဲ မကြောက်ဘူး။


အခွင့်အရေးရတုန်း အိပ်လိုက်ဦးမှတဲ့ ဒီခွေးလေးက။ ဟိုတစ်ကောင်က သူ့ကို ကပ်ရှုပ်နေတယ်။

အမယ်လေး ဒီကြောင်က ၇ လပဲရှိသေးတယ်တဲ့။ အကြီးကြီးပဲ။ ချစ်စရာကြီး။ ဓါတ်ပုံပေးမရိုက်ဘူး။ သူပြောတဲ့ အချိန်မှာ ရိုက်ပြီးသွားပြီ။ဟီး။ ပိုင်ရှင်က ကြောင်ကို ချီပြတယ်။ ချစ်စရာကြီး။ ၀တုတ်ကြီး။ နောက်ဒီထက်ကြီးလာဦးမှာတဲ့။ အဲဒီကြောင်ကြီးသိပ်လိုချင်တာပဲ။ ၆၅၀၀ ဘတ်တဲ့။

ဒီလိုခွေးလေးတွေကတော့ ပေါမှပေါပဲ။


နောက်ဆုံးတော့ ဘာမှလဲ မ၀ယ်ဖြစ်ပါဘူး။ ကြောင်ပုံပါတဲ့ ခေါက်ဆွဲစားဖို့ ပန်းကန်လုံး ၂ ခုပဲ ၀ယ်လာတော့တယ်။ ပန်းကန်ပေါ်မှာ ကြောင်ရုပ်လေးက တွယ်တက်နေတာ။ အရုပ်က ရုပ်လုံးကြွလေး။ ချစ်စရာလေး။
No comments:
Post a Comment