Sunday, August 10, 2008

Vietrio - Miracle

သောကြာနေ့က ရုံးမှာ နေ့လယ်ထမင်းသွားစားတော့ ထမင်းဆိုင်မှာဖွင့်ထားတဲ့ တီဗွီမှာ Vietrio - Miracle အဖွဲ့ MTV လာတယ်။ အစက ထိုင်းလို့တောင် မထင်ဘူး။ ဗီယက်နမ်တွေလား။ စပိန် တို့ဘာတို့လားပေါ့။ တယောထိုးတာ မိန်းကလေး ၂ ယောက် ၊ ယောကျာ်းလေး ၁ ယောက်။ ရုံးခန်းပြန်ရောက်လို့ ဂူဂဲ လိုက်တော့မှ ထိုင်းမှန်းသိတော့တယ်။ တော်တော်နားထောင်လို့ကောင်းတယ်။ Miracle နဲ့ Wedding သီချင်းလေး ၂ ပုဒ်ကို အကြိုက်ဆုံးပဲ။ တစ်ချို့အပုဒ်တွေက Bond အဖွဲ့ရဲ့တီးလုံးတွေကို ပြန်တီးထားတယ်။ သူငယ်ချင်းကို မေးကြည့်လိုက်တော့ မောင်နှမသုံးယောက်တဲ့။ အစ်မက Royal Scholar ရပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်။ ညီမနဲ့မောင်လေးကို ဆက်ပြီးတော့ ခေါ်လိုက်တာတဲ့။ ပျော်စရာကြီး မောင်နှမသုံးယောက် အနုပညာတစ်ခုကို အတူတူလုပ်ကြတာ။ သူတို့ MTV လိုက်ရှာနေတာ အခုထိ မတွေ့သေးဘူး။

Vietrio - Miracle



1. Miracle
2. รักนี้ที่รอคอย
3. Immortal (Feat.น๊อต Retrospect)
4. เพลงแทนใจ (Feat.อาร์ เดอะสตาร์)
5. Young Blood (Feat.กาย G-Junior)
6. ใบไม้
7. Soul of siam
8. ผู้ชายในสายฝน (Feat.รุจ เดอะสตาร์)
9. Wedding
10. Confession
11. Happy night
12. Rain instrumental

Download Part 01 [MF] 02 [MF]

No comments: