Sunday, August 31, 2008

Shin Hye Sung - Live and Let Live


အခု Shin Hye Sung ရဲ့ တတိယအခွေ Live and Let Live ကို ခဏခဏ နားထောင်ဖြစ်တယ်။ အဲဒီထဲက ဒုတိယအပုဒ် Awaken ကို အကြိုက်ဆုံးပဲ။ ဒီတစ်ခါ hyesung ကို ပြန်ကြိုက်သွားပြန်ပြီ။ ဒုတိယအခွေတုန်းက သိပ်မကြိုက်ဘူး။ ပထမအခွေ Don't Leave Me တုန်းက သိပ်ကြိုက်တာပဲ။

Shin Hye Sung - Live And Let Live



01 . Live And Let Live [MF]
02 . Awaken [MF]
03 . 그대라서 [MF]
04 . 사랑하기 좋은 날 (Duet. 이하늬) [MF]
05 . Urban Fever (Feat. $howgun) [MF]
06 . Waltz [MF]
07 . Love Actually (Feat. Vink) [MF]
08 . 피터팬의 세레나데 [MF]
09 . Promise (Duet. ‘유리상자’ 박승화) [MF]
10 . 후유증 [MF]
11 . Awaken inst [MF]
12 . 그대라서 inst [MF]

HeeBum

ကြောင်ပုံလေးတွေ တင်နေရင်းနဲ့ Hee Chul ရဲ့ ကြောင် HeeBum ကို သတိရသွားလို့။ Heebum လဲ ချစ်စရာကောင်းတယ်။ Hee Chul လိုပဲ စွာတယ်။ ခွေးတွေကိုလဲ မကြောက်တတ်ဘူး။ သူ့သခင်လိုပဲ နေမှာပေါ့။ ဘယ်သူ့ကိုမှ မကြောက်တတ်တာ။ :P

Cat from Pattaya

ပြီးခဲ့တဲ့ အပတ်က Pattaya သွားဖြစ်သေးတယ်။ သူငယ်ချင်း ၉ ယောက်စြုပီးသွားကြတာ။ ပျော်စရာကြီး။ ပျင်းနေတာတဲ့ အဲဒီအကြောင်းတွေတောင် မရေးဖြစ်ဘူး။ Pattaya က တည်းခဲ့တဲ့ ဟိုတယ်က ကြောင်ကြီးက ချစ်စရာကြီး။ အဖြူရောင် အကြီးကြီးပဲ။ ယဉ်လဲယဉ်တယ်။ ချီတာ ငြိမ်နေတာပဲ။ ၀တုတ်ဖြူဖွေးနေတာပဲ။ အပြင်ကပြန်လာရင် ဟိုတယ်ထဲမှာ ဟိုကြည့်ဒီကြည့်နဲ့ ကြောင်လိုက်ရှာရတယ်။ သူကလဲ လှေကားထောင့်တစ်ခုမှာ အိပ်နေတာပဲ။ :P


Pets from Chatuchak

မနေ့က သူငယ်ချင်းတွေနဲ့ Chatuchak (စနေတနင်္ဂနွေဈေး) ကိုသွားကြတယ်။ ဘန်ကောက်မှာ နေတာ ၃ နှစ်ကျော်ပြီ အဲဒီဈေးကို ၃ ခေါက်ပဲရောက်ဖူးသေးတယ်။ အရမ်းပူလို့ မသွားနိုင်ဘူး။ ဈေးကလဲ ရှုတ်ရှက်ခတ်နေတာပဲ။ ကြီးလဲ ကြီးတယ်။ Shopping Mall တွေ ကြီးတာနဲ့လဲ မတူဘူး။ Chatuchak သွားရင် Pets လေးတွေ ရောင်းတဲ့ နေရာကိုပဲ သွားတာများတယ်။ မနေ့ကလဲ သူငယ်ချင်းတွေက Pets လေးတွေချစ်တော့ အဲဒါပဲသွားကြည့်ရအောင်ဆိုပြီး တစ်ခြားနေရာတွေတောင် သိပ်မသွားဖြစ်ဘူး။

အဲဒီဈေးရောက်ရင် ရောင်းနေတဲ့ ခွေးလေးတွေ ကြောင်လေးတွေကို ဆိုင်ရှင် ကြိုက်ကြိုက် မကြိုက်ကြိုက် အတင်းကိုင်.. အတင်းဓါတ်ပုံရိုက်တာပဲ။ တစ်ခါတစ်လေ ဓါတ်ပုံရိုက်ဖို့တောင်မေ့တယ်။ ကြောင်လေးတွေကို သိပ်လိုချင်တာပဲ။ ခွေးတွေ သိပ်မချစ်တတ်ပေမယ့် အဲဒီဈေးမှာ ခွေးငယ်ငယ်လေးတွေကို တွေ့တော့ ချစ်တော့ ချစ်တယ်။ မျက်နှာလေးတွေက သနားစရာလေးတွေ။ ကြောင်လေးတွေဆိုလဲ အဲလိုပဲ။

ဒီခွေးလေးက ချစ်စရာလေး..ဖြူဖြူဖွေးဖွေးလေး။ အိပ်နေတာလေးက သနားစရာလေး။



ဒါလေးက လဲချစ်စရာလေး လျှာထုတ်ပြနေသေးတယ်။


ဒါက အင်မတန်လိုချင်သောခွေး။ သူက အဲကွန်းအခန်းထဲမှာ နေနေလေရဲ့။

ခွေးဘီလူးတော့ သိပ်မချစ်ဘူး။ အသဲယားတယ်။ အရေခွံတွေက တွန့်လိမ်နေလို့။

ဒီလိုခွေးမျိုးကို ဘယ်သူတွေဝယ်ပါလိမ့်။ အဟီး။ အရောင်ကတော့ နက်ပြောင်နေတာပဲ။ အညိုရောင်ကလဲ လှတော့ လှတယ်။

ကြောင်ကလေးတွေ သနားစရာ..

ဒီကြောင်အဖြူလေး ၂ ကောင်က ဟိုဘက်တစ်ခြမ်းက ခွေးလေးတွေကို လှမ်းစနေတယ်။ ကြောက်လဲ မကြောက်ဘူး။


အခွင့်အရေးရတုန်း အိပ်လိုက်ဦးမှတဲ့ ဒီခွေးလေးက။ ဟိုတစ်ကောင်က သူ့ကို ကပ်ရှုပ်နေတယ်။

အမယ်လေး ဒီကြောင်က ၇ လပဲရှိသေးတယ်တဲ့။ အကြီးကြီးပဲ။ ချစ်စရာကြီး။ ဓါတ်ပုံပေးမရိုက်ဘူး။ သူပြောတဲ့ အချိန်မှာ ရိုက်ပြီးသွားပြီ။ဟီး။ ပိုင်ရှင်က ကြောင်ကို ချီပြတယ်။ ချစ်စရာကြီး။ ၀တုတ်ကြီး။ နောက်ဒီထက်ကြီးလာဦးမှာတဲ့။ အဲဒီကြောင်ကြီးသိပ်လိုချင်တာပဲ။ ၆၅၀၀ ဘတ်တဲ့။

ဒီလိုခွေးလေးတွေကတော့ ပေါမှပေါပဲ။


နောက်ဆုံးတော့ ဘာမှလဲ မ၀ယ်ဖြစ်ပါဘူး။ ကြောင်ပုံပါတဲ့ ခေါက်ဆွဲစားဖို့ ပန်းကန်လုံး ၂ ခုပဲ ၀ယ်လာတော့တယ်။ ပန်းကန်ပေါ်မှာ ကြောင်ရုပ်လေးက တွယ်တက်နေတာ။ အရုပ်က ရုပ်လုံးကြွလေး။ ချစ်စရာလေး။

Sunday, August 10, 2008

Vietrio - Miracle

သောကြာနေ့က ရုံးမှာ နေ့လယ်ထမင်းသွားစားတော့ ထမင်းဆိုင်မှာဖွင့်ထားတဲ့ တီဗွီမှာ Vietrio - Miracle အဖွဲ့ MTV လာတယ်။ အစက ထိုင်းလို့တောင် မထင်ဘူး။ ဗီယက်နမ်တွေလား။ စပိန် တို့ဘာတို့လားပေါ့။ တယောထိုးတာ မိန်းကလေး ၂ ယောက် ၊ ယောကျာ်းလေး ၁ ယောက်။ ရုံးခန်းပြန်ရောက်လို့ ဂူဂဲ လိုက်တော့မှ ထိုင်းမှန်းသိတော့တယ်။ တော်တော်နားထောင်လို့ကောင်းတယ်။ Miracle နဲ့ Wedding သီချင်းလေး ၂ ပုဒ်ကို အကြိုက်ဆုံးပဲ။ တစ်ချို့အပုဒ်တွေက Bond အဖွဲ့ရဲ့တီးလုံးတွေကို ပြန်တီးထားတယ်။ သူငယ်ချင်းကို မေးကြည့်လိုက်တော့ မောင်နှမသုံးယောက်တဲ့။ အစ်မက Royal Scholar ရပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်။ ညီမနဲ့မောင်လေးကို ဆက်ပြီးတော့ ခေါ်လိုက်တာတဲ့။ ပျော်စရာကြီး မောင်နှမသုံးယောက် အနုပညာတစ်ခုကို အတူတူလုပ်ကြတာ။ သူတို့ MTV လိုက်ရှာနေတာ အခုထိ မတွေ့သေးဘူး။

Vietrio - Miracle



1. Miracle
2. รักนี้ที่รอคอย
3. Immortal (Feat.น๊อต Retrospect)
4. เพลงแทนใจ (Feat.อาร์ เดอะสตาร์)
5. Young Blood (Feat.กาย G-Junior)
6. ใบไม้
7. Soul of siam
8. ผู้ชายในสายฝน (Feat.รุจ เดอะสตาร์)
9. Wedding
10. Confession
11. Happy night
12. Rain instrumental

Download Part 01 [MF] 02 [MF]