Tuesday, February 17, 2009

SM Town Concert [Feb 07 2009] Part 2

ညနေ ၅ နာရီ ထိုးခါနီးတော့ ပထမဂိတ်ကို ဖြတ်ပြီး အပေါ်ကို တက်ခဲ့ကြတယ်။ အပေါ်မှာလဲ လူတွေ တော်တော်ကို ရောက်နေပြီ။ အပေါ်ဘက်ကနေ အောက်ကို ပြန်ကြည့်လိုက်တော့ နည်းတဲ့သူတွေ မဟုတ်ဘူး။ ကြိတ်ကြိတ်တိုးနေတာပဲ ပျော်စရာကြီး။ အကျီအရောင်တွေက အနီရောင်နဲ့ အပြာရောင်တွေ ... အများကြီး။ SHINee ရဲ့ အစိမ်းရောင်လေးကနည်းတယ်။ ကိုယ်ကတော့ အစိမ်းလေးဝတ်သွားပါတယ်။ SHINee အတွက်။
 


အထဲမှာလဲ ကြမ်းပြင်မှာ ထိုင်တဲ့သူတွေကထိုင်။ ဟိုသွားဒီသွား ဓါတ်ပုံရိုက်တဲ့သူတွေကရိုက်နဲ့ စည်ကားနေတာပဲ။


SHINee ယပ်တောင်လေးနဲ့ Onew ပုံလေး ၀ယ်ဖြစ်တယ်။ Onew ပုံလေးက တော်တော်ကြီးတယ်။ ပျောက်သွားမှာ စိုးတာနဲ့ ပိုက်ဆံအိတ်မှာ ချိတ်ထားလိုက်တယ်။ အထဲမှာ ထည့်ရအောင်လဲ မဆန့်ဘူးလေ။
 


ကွင်းထဲ ထိုင်ရမယ့် နေရာကို လှမ်းကြည့်လိုက်တော့ နေအေးနေတာနဲ့ အထဲကို ၀င်ခဲ့လိုက်ကြတယ်။ ကံကောင်းတယ်။ ကိုယ့်နေရာတွေက နေအေးနေပြီ။ လေတဖြူးဖြူးတောင် တိုက်နေသေးတယ်။ ဟိုးအနောက်ဘက်ခြမ်းကတွေဆို နေပူနေတုန်းပဲ။ သနားပါတယ်။ လာထိုင်တဲ့သူတွေလဲ လာထိုင်ကြပြီ။
 


ဘေးမှာက ကိုးရီးယားလို ၀တ်လာတဲ့ ကောင်မလေး။ ဘေးနားပတ်ပတ်လည်က သူ့ကိုဝိုင်းကြည့်ပြီး သဘောကျနေကြတော့ ပဲလေးက ခပ်များများ။ :)


SHINee ဘောလုံးလေး အမှတ်တရ။ ဟီး တကယ်တန်းပွဲလဲစရော လေပြန်ထုတ်ပြီး ပြန်သိမ်းထားလိုက်တယ်။ မကိုင်နိုင်ပါဘူး။ ဖုန်းကလဲ ကိုင်ထားရသေးတယ်။ ဟိုရိုက်ဒီရိုက်လုပ်ချင်တာကိုး။ ပျောက်သွားမှာလဲ စိုးသေးတယ်။ (ပြန်ဝယ်ရင်လဲ ဘတ် ၄၀ ပဲပေးရတာပါ) :D
 


နောက်တော့ တဖြည်းဖြည်းလူတွေများလာတယ်။ ၆ နာရီလဲ ထိုးခါနီးပြီကိုး။ တကွင်းလုံးလဲ အနီရောင် အပြာရောင်တွေ လွှမ်းလာတယ်။ စင်ပေါ်ကိုလဲ တကြည့်ကြည့်နဲ့။ မျှော်လှပြီ....
 


နောက်တော့ ထိုင်းဘုရင်ကြီးရဲ့ သီချင်းလာတော့ မတ်တတ်ရပ်ကြတယ်။ ပြီးတော့.....SHINee က Run It သီချင်းနဲ့...စင်ပေါ်ကို တက်လာပါတော့တယ်.................. Oh!! my lovely SHINee... miss you so much !!!

1 comment:

Anonymous said...

Hello there! Do you know if they make any plugins to protect
against hackers? I'm kinda paranoid about losing everything I've
worked hard on. Any tips?

Feel free to surf to my blog post: natural cellulite treatment