Tuesday, August 21, 2007

Together Forever

FOR OUR 7TH ANNIVERSARY OF BEING LOVE



သစ်စာရှိကြေး - li ကောင်းမြတ်+ဇမ်နူး

7 Years Of Happiness

7 years of holding hands
7 years of hugging,
7 years of laughing,
7 years of cuddling.

7 years of loving
7 years of kissing
7 years of touching
7 years of romancing.

7 years of your love
7 years of my love,
7 years of our love
7 years of true love.

Mg !! 7 year with you
Years of happiness,
Years of passion,
Years of joy,
Years blessed.

Emiko Shiratori - Melodies of Life



Emiko Shiratori - Melodies of Life

Just three little words
don't seem like enough
for someone whose smile
still brightens my day,
whose touch can make me forget
the rest of the world

Celine Dione - Because You Loved Me

FOR AUGUST 27TH



Celine Dione - Because You Loved Me

You are my heart, my soul, my treasure,
My today, my tomorrow, my forever,
My everything!

FT Island - I'm Happy



FT Island - I AM HAPPY

for our 7th anniversary love

Monday, August 13, 2007

Eyes On Me



Eyes on Me from Final Fantasy VIII
Music by Uematsu Nobuo; sightly ungrammatical lyrics by Someya Kako [surnames first]

Whenever sang my songs
On the stage, on my own
Whenever said my words
Wishing they would be heard
I saw you smiling at me
Was it real or just my fantasy

You'd always be there in the corner of this tiny little bar
My last night here for you
Same old songs
Just once more
My last night here with you
Maybe yes, maybe not
I kind of liked it your way
How you shyly placed your eyes on me
Did you ever know that I had mine on you

Darling, so there you are
With that look on your face
As if you never hurt
As if you're never down
Shall I be the one for you
Who pinches you softly but sure
If frown is shown then
I will know that you are no dreamer

So let me come to you
Close as I want to be
Close enough for me
To fell your heart beating fast
And stay there as I whisper
How I love your peaceful eyes on me
Did you ever know that I had mine on you

So share with me
Your love if you have enough
Your tears if you're holding back
Or pain if that's what it is
How can I let you know
I'm more than the dress and the voice
Just reach me out then
You will know that you're not dreaming

လူငယ်နှင့် ရည်မှန်းချက်

ဆရာမခင်စောတင့်ရဲ့ အချိန်လေးတော့ပေးလိုက်ပါ စာအုပ်ထဲကပဲ လူငယ်နှင့် ရည်မှန်းချက် ဆိုတဲ့ ဆောင်းပါးလေးကိုလဲ သဘောကျမိတယ်။ အဲဒီထဲက အတုယူမှတ်သားထားသင့်တာလေးတွေက .....

လူငယ်တွေကို စကားလေး သုံးခွန်း လက်ဆောင်ပေးပါရစေ။
၁။Hard Work - ၀ီရိယထည့်ပြီး လုပ်ရတဲ့ ခက်ခဲတဲ့ အလုပ်။
၂။Risk Taking -စွန့်ရဲတဲ့စိတ်နဲ့ စွန့်စွန့်စားစားလုပ်ရဲဖို့။
၃။Innovation -ဆန်းသစ်တီထွင်ဖို့ သို့မဟုတ် စနစ်သစ်ကို ပြောင်းလဲကျင့်သုံးဖို့။

နေ့စဉ်လုပ်နေရတဲ့ ခက်ခဲတဲ့အလုပ်အပေါ်မှာ စိတ်ထက်သန်မှုကိုရဖို့ တွန်းအားလိုအပ်နေရင် အောက်ပါစကားတွေကို ပြောကြည့်စေလိုပါတယ်။

-ငါ့အတွက် မလုပ်နိုင်တဲ့ အလုပ်ဆိုတာ မရှိဘူး။
-ငါဟာ ဘာမဆိုလုပ်ဖို့ အင်အားရှိတယ်။
-ဒီနေ့အဖို့ အလုပ်အားလုံးကို လုပ်ဖို့ ငါ့မှာ အရည်အသွေးရှိတယ်။
-ငါဟာ အလုပ်ထဲမှာ အောင်မြင်နေတယ်။ နောက်ကိုလည်း ဆက်ပြီး အောင်မြင်အောင် လုပ်ဆောင်မယ်။
-ဒီနေ့စာ ဒီနေ့ပဲ မနက်ဖြန်မဟုတ်ပါ။

One can never consent to creep when one feels an impulse to soar.
"ကောင်းကင်ကိုပျံဖို့ စိတ်အားထက်သန်နေတဲ့သူဟာ လေးဘက်သွားခိုင်းတာကို ဘယ်လိုမှ ကျေကျေနပ်နပ် လက်ခံနိုင်မှာ မဟုတ်ဘူး"

အချိန်လေးတော့ပေးလိုက်ပါ

ဒီတစ်ပတ် ရုံးပိတ်ရက် ၃ ရက်မှာ ဂျူး ရဲ့ ကြာတော့သည်လည်းမောင့်စကားနဲ့ ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် ကို ပြန်ဖတ်မိတယ်။ နောက်ပြီးတော့ သူငယ်ချင်းဆီက ဆရာမခင်စောတင့်ရဲ့ အချိန်လေးတော့ ပေးလိုက်ပါ စာအုပ်လေးဖတ်မိတယ်။ အဲဒီထဲက အချိန်ယူလုပ်ဖို့ အကြောင်းအရာ ၁၂ မျိုးကို သဘောကျလို့ သူငယ်ချင်းတွေ အတွက် ပြန်လည်ဝေမျှလိုက်ပါရစေ။

အချိန်ယူလုပ်ဖို့ အကြောင်းအရာ(၁၂)မျိုး

(၁) အလုပ်လုပ်ဖို့ အချိန်ယူပါ။ အောင်မြင်နိုင်ဖို့ ထိုက်တန်တဲ့တန်ဖိုးဖြစ်တယ်။

(၂)တွေးဖို့ အချိန်ယူပါ။ စွမ်းအားဖြည့်ဖို့ ဇစ်မြစ်ဖြစ်တယ်။

(၃)ကစားဖို့ အချိန်ယူပါ။ လူငယ်ဘ၀ရဲ့ သော့ချက်ဖြစ်တယ်။

(၄)စာဖတ်ဖို့ အချိန်ယူပါ။ အသိပညာအတွက် အုတ်မြစ်ဖြစ်တယ်။

(၅)ယုံကြည်ကိုးကွယ်ရန် အချိန်ယူပါ။ ကြည်ညိုလေးစားခြင်းရဲ့ လမ်းမကြီးဖြစ်တယ်။ ပြီးတော့ သင့်အမြင်ကို ဖုံးကွယ်ထားတဲ့ အမှုန်အမွှားတွေကို ဆေးကြောပစ်တာလည်း ဖြစ်တယ်။

(၆)မိတ်ဆွေတွေကို ကူညီဖို့နဲ့ သူတို့နဲ့ ချစ်ကြည်ပျော်မွေ့ဖို့ အချိန်ယူပါ။ စိတ်ချမ်းသာ ပျော်ရွှင်ဖို့အတွက် လမ်းအစဖြစ်တယ်။

(၇)ချစ်ခြင်းမေတာပေးဝေဖို့ကို အချိန်ယူပါ။ ဘ၀ရဲ့ မင်္ဂလာတစ်ပါးဖြစ်တယ်။

(၈)စိတ်ကူးယဉ် အိမ်မက်မက်ဖို့ အချိန်ယူပါ။ စိတ်ကို ကြယ်တွေဆီအထိရောက်အောင် ပို့ပေးမှာဖြစ်တယ်။

(၉)ရယ်မောဖို့ အချိန်ယူပါ။ ဘ၀ရဲ့ ၀န်ထုပ်ဝန်ပိုးကို လျော့ပါးစေမယ့် တေးသီဆိုမှုတစ်မျိုးဖြစ်တယ်။

(၁၀)အလှအပကို ခံစားဖို့ အချိန်ယူပါ။ သဘာဝတရားထဲမှာ နေရာအနှံ့တွေ့နိုင်ပါတယ်။

(၁၁)ကျန်းမာရေးအတွက် အချိန်ယူပါ။ ဘ၀အတွက် စစ်မှန်တဲ့ ကြွယ်ဝမှုရဲ့ ရတနာသိုက်ဖြစ်တယ်။

(၁၂)စီမံကိန်းချဖို့ အချိန်ယူပါ။ အထက်ပါ အချက် (၁၁) ချက်ကို အချိန်ယူပြုလုပ်ရန် အချိန်ကို ခွဲဝေပေးနိုင်စွမ်းရှိတဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။

Friday, August 10, 2007

D2B

D2B - Ja goh hok gun bai teung nai

D2B ရဲ့ သီချင်းဟောင်းလေးကို ပြန်နားထောင်ဖြစ်တယ်။ သူတို့ကို စသိတုန်းက ရန်ကုန်မှာပဲ ရှိသေးတယ်။ MTV Asian Award မှာ သူတို့ရဲ့ TypeII Album က သီချင်းဆုရလို့ လာယူကြတာ။ ထိုင်းသီချင်းတွေကို အဲဒီနောက်ပိုင်းမှာ ပြန်နားထောင်ဖြစ်တာပဲ။ ငယ်ငယ်တုန်းကတော့ ထုံချိုင်းသီချင်းတွေကိုပဲ ကြားဖူးတာပေါ့။

သူတို့အဖွဲ့မှာ အရင်တုန်းက Dan, Beam, Big ဆိုပြီး ၃ ယောက်ရှိတယ်။ ဒါပေမယ့် Big က ကားအက်စီးဒင့်ဖြစ်ပြီးတော့ comma ဖြစ်သွားတယ်။ so sad..... ။ Big သီချင်းမဆိုနိုင်တော့ Dan နဲ့ Beam ၂ ယောက်ထဲ Dean And Beam ဆိုပြီး ဆက်ဆိုကြတယ်။ Big ကတော့ အိပ်ရာထဲလဲနေတာ ဘယ်နှစ်နှစ်တောင်ရှိပြီလဲ မသိတော့ဘူး။ ရန်ကုန်မှာတုန်းက သူတို့အဖွဲ့ကို ကြိုက်လွန်းလို့ ဘန်ကောက်လူကြုံနဲ့ သီချင်းခွေတွေ VCD တွေမှာလိုက်ရတာ။ တော်တော်လဲ ပေးရတယ်။ အခု ဘန်ကောက်မှာလဲနေရော ဘာထိုင်း အခွေမှကို မ၀ယ်ဖြစ်တော့ဘူး။ သူတို့အဖွဲ့ကိုလဲ Big မပါတော့ သိပ်စိတ်မ၀င်စားမိတော့ဘူး။

အသစ်ထွက်တဲ့ Album တွေကိုလဲ နားမထောင်ဖြစ်ဘူး။ သီချင်းဟောင်းလေးတွေပဲ နားထောင်ဖြစ်တယ်။ အထူးသဖြင့် TypeII အခွေထဲက သီချင်းလေးတွေကိုပဲ နားထောင်မိတယ်။ အဲဒီအခွေထဲက အကြိုက်ဆုံး ၂ ပုဒ်က Big တစ်ယောက်ထဲ ဆိုထားတဲ့ Heung နဲ့ သူတို့ ၃ ယောက်လုံးဆိုထား တဲ့
ja goh hok gun bai teung nai အဲဒီ ၂ ပုဒ်ကို အကြိုက်ဆုံးပဲ။ သူတို့ရဲ့ lyrics နဲ့ meaing ကို ethaimusic မှာ ကြည့်လို့ရတယ်လေ။

Heung lyrics
Ja goh hok gun bai teung nai lyrics

Big
Dan
Beam

Changed Blog Template Again


ဒီနေ့ ရုံးမှာ အားနေတာနဲ့ Blog Template လေးကို change လိုက်တယ်။ ခရမ်းရောင်လေးသုံးလိုက်တယ်။ ဘာအရောင်ရွေးရမလဲလို့ တော်တော်စဉ်းစားလိုက်ရသေးတယ်။ နောက်တော့ ခရမ်းရောင်လေးကို ဘယ်လိုဓါတ်ကျသွားလဲ မသိပါဘူး။ တစ်ချို့လေးမယ်ထင်တဲ့ sidebar ကဟာတွေ ဖြုတ်လိုက်တယ်။ နောက် ပုံတွေတင်ရင်လဲ size တွေလျှော့ဦးမှပဲ။ သူငယ်ချင်းက နင့်ဘလော့ဖွင့်ရတာ တော်တော်ကြာတယ်လို့ပြောတယ်။

Wednesday, August 8, 2007

ရောက်တတ်ရာရာ


+++++စိတ်မရှည်ဘူး+++++ ဘယ်လောက်စိတ်မရှည်လဲဆိုရင် ကိုယ့်ကိုယ်ကိုတောင် စိတ်မရှည်နိုင်ဘူး။ ဘတ်စ်ကားစောင့်ရတာလဲ စိတ်မရှည်ဘူး။ ထမင်းဆိုင်မှာ အကြာကြီးစောင့်နေရရင်လဲ စိတ်မရှည်ဘူး။ တစ်ယောက်ယောက်နဲ့ ချိန်းထားပြီး စောင့်နေရရင်လဲ စိတ်မရှည်ဘူး။ ထိုင်းတွေ နှေးနှေးကွေးကွေးနဲ့ ဆိုရင်လဲ စိတ်မရှည်ဘူး။


+++++စိတ်တိုတယ်+++++ ဘတ်စ်ကားမလာရင် စိတ်တိုလာရော။ ကားသမားက ဖြေးဖြေးလေးမောင်းရင် စိတ်တိုလာရော။ မနက်အလုပ်သွားကာနီး မိုးရွာရင်လဲ စိတ်တိုလာရော။ ကားက မှတ်တိုင်မှာ မရပ်ပဲ ကျော်ပြီးရပ်ရင်ဖြစ်ဖြစ် မှတ်တိုင်မရောက်ခင်ဖြစ်ဖြစ် ရပ်လိုက်ရင်လဲ စိတ်တိုလာရော။


+++++စိတ်ပျက်တယ်+++++ နေ့တိုင်း notebook ကြီးနဲ့သွားရတာ စိတ်ပျက်တယ်။ ကားပေါ်မှာ ထိုင်ခုံမရတဲ့နေ့ဆိုရင် လေးကလဲ လေး..ရာသီဥတုကလဲ ပူနဲ့ စိတ်ပျက်တယ်။ အဝေးကြီးသွားရတဲ့ ရုံးကိုလဲ စိတ်ပျက်တယ်။ လမ်းတွေ ကားတွေ ကြပ်လွန်းတဲ့ Lat Phrao နဲ့ Ramkhamhaeng ကိုလဲ စိတ်ပျက်တယ်။

+++++တစ်ခုမှ မကောင်းဘူးနော်။ စိတ်မရှည်..စိတ်တို...စိတ်ပျက်။ ကြာရင် အသက်တိုလိမ့်မယ်။+++++

Wednesday, August 1, 2007

Chip and Dale !! Do you love them?

ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့ ရှဉ့် ၂ ကောင် ကာတွန်းကားပါ။ သွားကလေးတွေက ရှည်ရှည်...တစ်ကောင်က စကားခပ်များများ...တစ်ကောင်က နဲနဲအူတူတူနဲ့လေ။ တစ်ခုခု ဖြစ်လို့ထွက်ပြေးရရင် တစ်ကောင်က တစ်ကောင်ကို အမြဲသွားပြန်ပြီးဆွဲခေါ်ရတယ်။ ဘဲ ရဲ့ခြံထဲမှာ ဖရဲသီးသွားခိုးစားကြတာလဲ သူတို့ ၂ ကောင်ပဲလေ..နော်။








KeyChain

ဟယ်...လိုချင်လိုက်တာ... Shin Hye Sung KeyChain ဆိုပဲ....ချစ်စရာလေး... ဒါပေမယ့် Hye Sung တော့ တော်တော်ရုပ်ဆိုးသွားတယ်...

FT Isand








FT Island ရဲ့ Music Video တွေကိုပဲ အခုတစ်လော နေ့တိုင်းပြန်ကြည့်ဖြစ်တယ်။ လွန်တယ်နော်။ ဟဲဟဲ။ အားလုံးကြည့်လို့ရအောင် ပြန်လည်ဝေမျှလိုက်ပါတယ်။ ထိုင်းမှာက Youtube ကြည့်လို့မရတော့ google video မှာ ပဲတင်ထားလိုက်တယ်။ သူလဲ မဆိုးပါဘူး။

FT Island - I'm Happy



FT Island - Let's Go

Recently Favorite Korean Song

အခုတစ်လော စာမေးပွဲရှိတာရော ပျင်းတာနဲ့ရော ဘလော့ကို ဘာမှ update မလုပ်ဖြစ်ဘူး။ စာမေးပွဲရှိလို့ စာကျက်တာက နဲနဲ ပျင်းနေတာက များများပါ။ ဒီကြားထဲမှာ သီချင်းအသစ်တွေ နားထောင်ဖြစ်တယ်။ အသစ်ဆိုပေမယ့် ထွက်ပြီးသား အဟောင်းတွေပါ။ ဒါပေမယ့် ကိုယ်နားမထောင်ရသေးတော့ အသစ်ပေါ့။

အခု အကြိုက်ဆုံးကတော့ FT Island ပဲ။ ရုံးမှာ နားထောင်လွန်းလို့ နားတွေတောင်နာတယ်။ ရုံးမှာ ဆိုတော့ နားကြပ်တပ်ပြီး နားထောင်ရတာကိုး။

နောက် ဒုတိယ အကြိုက်ဆုံးက Lee Ssang ရဲ့ Ballerino။ MNet Special Concert မှာ တွေ့ပြီးတော့ ကြိုက်သွားတာ။ Hip-hop သီချင်း။ ကောင်မလေး အသံကလဲ ကောင်းတယ်။ သီချင်းသံစဉ်ကို အရမ်းကြိုက်တယ်။

Lee Ssang - Ballerino

MC The MAX ရဲ့ Tears သီချင်းကတော့ Music Core မှာ တွေတာ။ သီချင်းနာမည်က ကိုရီးယားလိုပဲ ထိုးထားတော့ ဘယ်သီချင်းမှန်းမသိဘူး။ ဒါပေမယ့် ဘယ်ရမလဲ သူ့နောက်ဆုံးထွက်ထားတဲ့ တစ်ခွေလုံးကို ဒေါင်းလုပ်လုပ်ပြီးတော့ တစ်ပုဒ်ခြင်းနားထောင်ကြည့်လိုက်တယ်။ ကံကဆိုးတော့ လိုချင်တဲ့ အဲဒီသီချင်းက နံပါတ် ၁၃။ ဟီးဟီး။ တစ်ခွေလုံးနီးနီး နားထောင်လိုက်ရတယ်။

MC The Max - Tears

Paran ရဲ့ ဒုတိယ အကြိုက်ဆုံး That Girl And I. အခုနောက်ပိုင်း စတိတ်ရှိုးတွေမှာ အဲဒီသီချင်းကို အဆိုများတယ်။ ကျောင်းသားဝတ်စုံလေးတွေနဲ့။ Lead Vocal Ryan ရဲ့ အသံ အရမ်းကောင်းတယ်။

Paran - That Girl And I

တစ်ခါမှ မကြိုက်တဲ့ MC Mong ရဲ့ သီချင်းကလဲ အရမ်းကောင်းနေပြန်ရော။ သူ့ကို Loveletter, Xman တို့မှာ ပေါတောတောနဲ့မို့လို့ အထင်တောင် မကြီးမိဘူး ဟီးဟီး။ အခုသီချင်းကို နားထောင်မိမှာ တော်တော်ကောင်းမှန်း သိတယ်။ မဒီ ကတောင် တစ်ခြားသီချင်းတွေ ပေးသေးတယ်။ အဲဒါတွေလဲ နားထောင်ရဦးမယ်။

MC Mong - So Fresh (Feat Kim Tae Woo)

ှSuper Junior ရဲ့ U ကိုလဲ ကြိုက်တယ်။ သူတို့သီချင်းလေးတွေက မဒီပြောသလို ဆင်တင်တင်လေးတွေ။ ဒီတစ်ပုဒ်တော့ ထူးထူးခြားခြား ကောင်းသလိုပဲ။

Super Junior - U

Maya ရဲ့ သီချင်းကတော့ နာမည်မသိဘူး။ ကိုရီးယားလိုပဲ ရေးထားတယ်။ အသံပါဝါ အားကောင်းကောင်းနဲ့ Rock သီချင်း။

Maya - 나를 외치다

Park Hyobi ရဲ့ အခုသီချင်းလေးလဲ ကောင်းတယ်။ သူကတော့ အဆွေးသီချင်း။ နောက်ပိုင်းမှာ တော့ တော်တော်အော်ထားတယ်။

Park Hyobi - Sarangun

အဆွေးသီချင်းထဲမှာ အခု အကြိုက်ဆုံးက Position ရဲ့ I love you သီချင်းလေးကို ခဏခဏနားထောင်ဖြစ် တယ်။ မဒီ ကတော့ သီချင်းအဟောင်းလို့ပြောတယ်။ ဟုတ်မှာပဲ။ သူ့ကို တစ်ခါမှ နားမထောင်ဖူးဘူး။

Position - I Love You