Monday, August 13, 2007

လူငယ်နှင့် ရည်မှန်းချက်

ဆရာမခင်စောတင့်ရဲ့ အချိန်လေးတော့ပေးလိုက်ပါ စာအုပ်ထဲကပဲ လူငယ်နှင့် ရည်မှန်းချက် ဆိုတဲ့ ဆောင်းပါးလေးကိုလဲ သဘောကျမိတယ်။ အဲဒီထဲက အတုယူမှတ်သားထားသင့်တာလေးတွေက .....

လူငယ်တွေကို စကားလေး သုံးခွန်း လက်ဆောင်ပေးပါရစေ။
၁။Hard Work - ၀ီရိယထည့်ပြီး လုပ်ရတဲ့ ခက်ခဲတဲ့ အလုပ်။
၂။Risk Taking -စွန့်ရဲတဲ့စိတ်နဲ့ စွန့်စွန့်စားစားလုပ်ရဲဖို့။
၃။Innovation -ဆန်းသစ်တီထွင်ဖို့ သို့မဟုတ် စနစ်သစ်ကို ပြောင်းလဲကျင့်သုံးဖို့။

နေ့စဉ်လုပ်နေရတဲ့ ခက်ခဲတဲ့အလုပ်အပေါ်မှာ စိတ်ထက်သန်မှုကိုရဖို့ တွန်းအားလိုအပ်နေရင် အောက်ပါစကားတွေကို ပြောကြည့်စေလိုပါတယ်။

-ငါ့အတွက် မလုပ်နိုင်တဲ့ အလုပ်ဆိုတာ မရှိဘူး။
-ငါဟာ ဘာမဆိုလုပ်ဖို့ အင်အားရှိတယ်။
-ဒီနေ့အဖို့ အလုပ်အားလုံးကို လုပ်ဖို့ ငါ့မှာ အရည်အသွေးရှိတယ်။
-ငါဟာ အလုပ်ထဲမှာ အောင်မြင်နေတယ်။ နောက်ကိုလည်း ဆက်ပြီး အောင်မြင်အောင် လုပ်ဆောင်မယ်။
-ဒီနေ့စာ ဒီနေ့ပဲ မနက်ဖြန်မဟုတ်ပါ။

One can never consent to creep when one feels an impulse to soar.
"ကောင်းကင်ကိုပျံဖို့ စိတ်အားထက်သန်နေတဲ့သူဟာ လေးဘက်သွားခိုင်းတာကို ဘယ်လိုမှ ကျေကျေနပ်နပ် လက်ခံနိုင်မှာ မဟုတ်ဘူး"

No comments: