Wednesday, August 1, 2007

Recently Favorite Korean Song

အခုတစ်လော စာမေးပွဲရှိတာရော ပျင်းတာနဲ့ရော ဘလော့ကို ဘာမှ update မလုပ်ဖြစ်ဘူး။ စာမေးပွဲရှိလို့ စာကျက်တာက နဲနဲ ပျင်းနေတာက များများပါ။ ဒီကြားထဲမှာ သီချင်းအသစ်တွေ နားထောင်ဖြစ်တယ်။ အသစ်ဆိုပေမယ့် ထွက်ပြီးသား အဟောင်းတွေပါ။ ဒါပေမယ့် ကိုယ်နားမထောင်ရသေးတော့ အသစ်ပေါ့။

အခု အကြိုက်ဆုံးကတော့ FT Island ပဲ။ ရုံးမှာ နားထောင်လွန်းလို့ နားတွေတောင်နာတယ်။ ရုံးမှာ ဆိုတော့ နားကြပ်တပ်ပြီး နားထောင်ရတာကိုး။

နောက် ဒုတိယ အကြိုက်ဆုံးက Lee Ssang ရဲ့ Ballerino။ MNet Special Concert မှာ တွေ့ပြီးတော့ ကြိုက်သွားတာ။ Hip-hop သီချင်း။ ကောင်မလေး အသံကလဲ ကောင်းတယ်။ သီချင်းသံစဉ်ကို အရမ်းကြိုက်တယ်။

Lee Ssang - Ballerino

MC The MAX ရဲ့ Tears သီချင်းကတော့ Music Core မှာ တွေတာ။ သီချင်းနာမည်က ကိုရီးယားလိုပဲ ထိုးထားတော့ ဘယ်သီချင်းမှန်းမသိဘူး။ ဒါပေမယ့် ဘယ်ရမလဲ သူ့နောက်ဆုံးထွက်ထားတဲ့ တစ်ခွေလုံးကို ဒေါင်းလုပ်လုပ်ပြီးတော့ တစ်ပုဒ်ခြင်းနားထောင်ကြည့်လိုက်တယ်။ ကံကဆိုးတော့ လိုချင်တဲ့ အဲဒီသီချင်းက နံပါတ် ၁၃။ ဟီးဟီး။ တစ်ခွေလုံးနီးနီး နားထောင်လိုက်ရတယ်။

MC The Max - Tears

Paran ရဲ့ ဒုတိယ အကြိုက်ဆုံး That Girl And I. အခုနောက်ပိုင်း စတိတ်ရှိုးတွေမှာ အဲဒီသီချင်းကို အဆိုများတယ်။ ကျောင်းသားဝတ်စုံလေးတွေနဲ့။ Lead Vocal Ryan ရဲ့ အသံ အရမ်းကောင်းတယ်။

Paran - That Girl And I

တစ်ခါမှ မကြိုက်တဲ့ MC Mong ရဲ့ သီချင်းကလဲ အရမ်းကောင်းနေပြန်ရော။ သူ့ကို Loveletter, Xman တို့မှာ ပေါတောတောနဲ့မို့လို့ အထင်တောင် မကြီးမိဘူး ဟီးဟီး။ အခုသီချင်းကို နားထောင်မိမှာ တော်တော်ကောင်းမှန်း သိတယ်။ မဒီ ကတောင် တစ်ခြားသီချင်းတွေ ပေးသေးတယ်။ အဲဒါတွေလဲ နားထောင်ရဦးမယ်။

MC Mong - So Fresh (Feat Kim Tae Woo)

ှSuper Junior ရဲ့ U ကိုလဲ ကြိုက်တယ်။ သူတို့သီချင်းလေးတွေက မဒီပြောသလို ဆင်တင်တင်လေးတွေ။ ဒီတစ်ပုဒ်တော့ ထူးထူးခြားခြား ကောင်းသလိုပဲ။

Super Junior - U

Maya ရဲ့ သီချင်းကတော့ နာမည်မသိဘူး။ ကိုရီးယားလိုပဲ ရေးထားတယ်။ အသံပါဝါ အားကောင်းကောင်းနဲ့ Rock သီချင်း။

Maya - 나를 외치다

Park Hyobi ရဲ့ အခုသီချင်းလေးလဲ ကောင်းတယ်။ သူကတော့ အဆွေးသီချင်း။ နောက်ပိုင်းမှာ တော့ တော်တော်အော်ထားတယ်။

Park Hyobi - Sarangun

အဆွေးသီချင်းထဲမှာ အခု အကြိုက်ဆုံးက Position ရဲ့ I love you သီချင်းလေးကို ခဏခဏနားထောင်ဖြစ် တယ်။ မဒီ ကတော့ သီချင်းအဟောင်းလို့ပြောတယ်။ ဟုတ်မှာပဲ။ သူ့ကို တစ်ခါမှ နားမထောင်ဖူးဘူး။

Position - I Love You

No comments: