D2B ရဲ့ သီချင်းဟောင်းလေးကို ပြန်နားထောင်ဖြစ်တယ်။ သူတို့ကို စသိတုန်းက ရန်ကုန်မှာပဲ ရှိသေးတယ်။ MTV Asian Award မှာ သူတို့ရဲ့ TypeII Album က သီချင်းဆုရလို့ လာယူကြတာ။ ထိုင်းသီချင်းတွေကို အဲဒီနောက်ပိုင်းမှာ ပြန်နားထောင်ဖြစ်တာပဲ။ ငယ်ငယ်တုန်းကတော့ ထုံချိုင်းသီချင်းတွေကိုပဲ ကြားဖူးတာပေါ့။
သူတို့အဖွဲ့မှာ အရင်တုန်းက Dan, Beam, Big ဆိုပြီး ၃ ယောက်ရှိတယ်။ ဒါပေမယ့် Big က ကားအက်စီးဒင့်ဖြစ်ပြီးတော့ comma ဖြစ်သွားတယ်။ so sad..... ။ Big သီချင်းမဆိုနိုင်တော့ Dan နဲ့ Beam ၂ ယောက်ထဲ Dean And Beam ဆိုပြီး ဆက်ဆိုကြတယ်။ Big ကတော့ အိပ်ရာထဲလဲနေတာ ဘယ်နှစ်နှစ်တောင်ရှိပြီလဲ မသိတော့ဘူး။ ရန်ကုန်မှာတုန်းက သူတို့အဖွဲ့ကို ကြိုက်လွန်းလို့ ဘန်ကောက်လူကြုံနဲ့ သီချင်းခွေတွေ VCD တွေမှာလိုက်ရတာ။ တော်တော်လဲ ပေးရတယ်။ အခု ဘန်ကောက်မှာလဲနေရော ဘာထိုင်း အခွေမှကို မ၀ယ်ဖြစ်တော့ဘူး။ သူတို့အဖွဲ့ကိုလဲ Big မပါတော့ သိပ်စိတ်မ၀င်စားမိတော့ဘူး။
အသစ်ထွက်တဲ့ Album တွေကိုလဲ နားမထောင်ဖြစ်ဘူး။ သီချင်းဟောင်းလေးတွေပဲ နားထောင်ဖြစ်တယ်။ အထူးသဖြင့် TypeII အခွေထဲက သီချင်းလေးတွေကိုပဲ နားထောင်မိတယ်။ အဲဒီအခွေထဲက အကြိုက်ဆုံး ၂ ပုဒ်က Big တစ်ယောက်ထဲ ဆိုထားတဲ့ Heung နဲ့ သူတို့ ၃ ယောက်လုံးဆိုထား တဲ့ja goh hok gun bai teung nai အဲဒီ ၂ ပုဒ်ကို အကြိုက်ဆုံးပဲ။ သူတို့ရဲ့ lyrics နဲ့ meaing ကို ethaimusic မှာ ကြည့်လို့ရတယ်လေ။
Heung lyrics Ja goh hok gun bai teung nai lyrics
Big

Dan

Beam

1 comment:
ကျွန်တော်အရင် Big နဲ့ Dan ပါတဲ့ကားလေးတောင်ကြည့်ဖြစ်သေးတယ်
အဲဒီတုန်းက Big ကအကောင်းကြီးရှိသေးတယ် ဟီး
ဒါဆိုအဲဒီကားကကြာလို့လား၊သူဖြစ်တာပဲမကြာသေးလို့လားမသိဘူး
သူတို့အဖွဲ့ရှိမှန်းမသိဘူး၊အခုမှပဲသိတယ်
Post a Comment