Wednesday, August 8, 2007
ရောက်တတ်ရာရာ
+++++စိတ်မရှည်ဘူး+++++
ဘယ်လောက်စိတ်မရှည်လဲဆိုရင် ကိုယ့်ကိုယ်ကိုတောင် စိတ်မရှည်နိုင်ဘူး။ ဘတ်စ်ကားစောင့်ရတာလဲ စိတ်မရှည်ဘူး။ ထမင်းဆိုင်မှာ အကြာကြီးစောင့်နေရရင်လဲ စိတ်မရှည်ဘူး။ တစ်ယောက်ယောက်နဲ့ ချိန်းထားပြီး စောင့်နေရရင်လဲ စိတ်မရှည်ဘူး။ ထိုင်းတွေ နှေးနှေးကွေးကွေးနဲ့ ဆိုရင်လဲ စိတ်မရှည်ဘူး။
+++++စိတ်တိုတယ်+++++
ဘတ်စ်ကားမလာရင် စိတ်တိုလာရော။ ကားသမားက ဖြေးဖြေးလေးမောင်းရင် စိတ်တိုလာရော။ မနက်အလုပ်သွားကာနီး မိုးရွာရင်လဲ စိတ်တိုလာရော။ ကားက မှတ်တိုင်မှာ မရပ်ပဲ ကျော်ပြီးရပ်ရင်ဖြစ်ဖြစ် မှတ်တိုင်မရောက်ခင်ဖြစ်ဖြစ် ရပ်လိုက်ရင်လဲ စိတ်တိုလာရော။
+++++စိတ်ပျက်တယ်+++++
နေ့တိုင်း notebook ကြီးနဲ့သွားရတာ စိတ်ပျက်တယ်။ ကားပေါ်မှာ ထိုင်ခုံမရတဲ့နေ့ဆိုရင် လေးကလဲ လေး..ရာသီဥတုကလဲ ပူနဲ့ စိတ်ပျက်တယ်။ အဝေးကြီးသွားရတဲ့ ရုံးကိုလဲ စိတ်ပျက်တယ်။ လမ်းတွေ ကားတွေ ကြပ်လွန်းတဲ့ Lat Phrao နဲ့ Ramkhamhaeng ကိုလဲ စိတ်ပျက်တယ်။
+++++တစ်ခုမှ မကောင်းဘူးနော်။ စိတ်မရှည်..စိတ်တို...စိတ်ပျက်။ ကြာရင် အသက်တိုလိမ့်မယ်။+++++
Subscribe to:
Post Comments (Atom)
1 comment:
gwad... sate myar myar nyit par... sate myar myar to par... sate myar myar pyat par... a d tine sat thwar par... lone wa a shone ma pay nat! :D
Post a Comment