Tuesday, May 22, 2007

Bad Morning

ကားဂိတ်ရောက်ခါနီးမှာ ဖိနပ်ပြတ်တယ်။ အိမ်တစ်ခေါက်ပြန်ရတယ်။ စီးရမယ့် ဘတ်စ်ကားက မလာဘူး။ စောင့်တယ်။ ဆက်စောင့်တယ်။ မလာဘူး။ တစ်ခြားကားနဲ့ လိုက်ရတယ်။ BigC မှာဆင်းတော့ ကားသမားက ကားဂိတ်နဲ့ အဝေးကြီးမှာ ရပ်ပေးတယ်။ ဒါနဲ့ ကားဂိတ်ဆီ အမြန်ပြန်ပြေးရတယ်။ နောက်တစ်ကားပြောင်းစီးတော့ နေရာက မရပြန်ဘူး။ နာရီဝက်လောက် မတ်တတ်ရပ်လိုက်ရတယ်။ Mochit ရောက်တော့ ကားသမားက ထုံးစံအတိုင်း မှတ်တိုင်ကျော် ပြီးတော့ ကိုးလို့ကန့်လန့် လမ်းလယ်မှာရပ်ပေးပြန်တယ်။ တောက်...စိတ်ပျက်စရာကောင်းတဲ့ မနက်ခင်း။ အိမ်ကထွက်လာတာ ၇ နာရီခွဲ။ ရုံးရောက်တော့ ၁၀ နာရီ ထိုးခါနီးပြီ။ ရုံးချိန်က မနက် ၉ နာရီ။

2 comments:

Min Thu said...

hal hal... it just gave you a different morning. otherwise, you will get boring for routine schedule. :P have fun!

Myo Kyaw Htun said...

Ma yee mon,

get the code from cbox and try embed again.