ဒီတစ်ခါတော့ ကိုယ့်အကြိုက် မြန်မာသီချင်းတွေနဲ့ သူတို့မူရင်းသီချင်းလေးတွေပေါ့။
ဖြူဖြူကျော်သိန်းကို လုံးဝမကြိုက်ပေမယ့် ဒီတစ်ခါ သူ့ရဲ့ ချစ်သူ့အမုန်းကျိန်စာ အခွေထဲက ဆုံဆည်းရာ သီချင်းကို သဘောကျမိတယ်။ လိုက်ဆိုလို့လဲ ကောင်းသလိုပဲ။ သူ့အသံကလဲ ကောင်းပါတယ်။ ဒါပေမယ့် မူရင်းနဲ့ တွဲနားထောင်လိုက်ရင်တော့ မူရင်းကို မမှီပါဘူး။ သူ့အသံနဲ့တော့ လိုက်ပါတယ်။
ဖြူဖြူကျော်သိန်း - ဆုံဆည်းရာ

နောက်ပြီးတော့ မျိုးကြီး ရဲ့ အဆိပ်ခွက်။ တအားကြိုက်တယ်။ ကော်ပီဆိုထားတယ်လို့တောင် မထင်မိဘူး။ နောက်တော့မှ ကော်ပီသီချင်းမှန်းသိရတယ်။ မျိုးကြီး ဆိုတာ ပိုကောင်းသလိုပဲ (ဟီး..နားလည်လို့နေမှာပေါ့)။
မျိုးကြီး - အဆိပ်ခွက်

ရှင်ဖုန်းရဲ့ ကိုယ်ပိုင်တဲ့နေရာ..အဲဒီသီချင်းလေးလဲ ကောင်းပါတယ်။ ဒါပေမယ့် သူလဲ ကော်ပီသီချင်းဖြစ်နေပြန်ရော။
ရှင်ဖုန်း - ကိုယ်ပိုင်တဲ့နေရာ

ဟားဟား 9mm ရဲ့ ချစ်ခဲ့ပြီးမှ...သူတို့လဲ ကော်ပီဆိုမယ်လို့ မထင်ခဲ့မိဘူး။ ကော်ပီမှ ကိုရီးယားသီချင်းကို ကော်ပီလုပ်ထားတာ။ မူရင်းလဲ နားထောင်လို့ကောင်းတယ်။ မူရင်းသီချင်းနာမည်တော့ မသိဘူး။ ဆိုတဲ့အဖွဲ့က တော့ People Crew။
9mm - ချစ်ခဲ့ပြီးမှ

ိစိုင်းစိုင်းရဲ့ အိုမေမေ သီချင်းကလဲ ကိုရီးယားသီချင်းကော်ပီပဲ။ GOD အဖွဲ့ရဲ့ To Mother ကို ကော်ပီကူးထားတာ
အင်း...ကိုရီးယားလိုများ နားလယ်နေသလားမသိဘူးနော်။ မျက်နှာလိုက်ပြီးပြောရရင် စိုင်းစိုင်းဆိုထားတာ ပိုကြိုက်တယ်။
စိုင်းစိုင်းခမ်းလှိုင် - အိုမေမေ


2 comments:
Thanks for sharing your fav songs. I really wanted to get 9mm's Chit Khae Pee Mha original song in high quality. I used to get low quality one 2 years ago but which is not the same as yours. Yours is slower. Anyway, now I get it from you. :) I should have asked you earlier!!!! :P
I prefer GOD's Mother song over Sai Sai version. I think Phyo Gyi doesn't sound that great in that song but I like the lyrics.
Post a Comment