Thursday, May 17, 2007

မျှော်လင့်ထားတာတွေ ဘယ်မှာလဲ...

I don't want to live in this live. I'm not happy today. I don't want to happen like this.
စိတ်ညစ်တယ်။ မျှော်လင့်ထားတာတွေက ဖြစ်မလာတတ်ဘူး။ မျှော်လင့်ထားတာတွေသာ ဖြစ်မလာရင် ဘာလုပ်မလဲ။ ဘယ်လမ်းကို ရွေးမလဲ။ မျှော်လင့်ထားတာတွေက ဘယ်တော့မှ ဖြစ်လာမှာလဲ။ ဒီဘ၀မှာ ဖြစ်လာဦးမှာလား။ တစ်ခါတစ်လေမှာ ရှေ့ကိုတွေးလိုက်ရင် ဘာမှ ရေရေရာရာမရှိဘူး။ ဒီလိုပဲ ဘ၀ကြီးကို အဆုံးသတ်ရမှာလား။ မျှော်လင့်ထားသလို ဖြစ်မလာလို့ကတော့ စောစောစီးစီး သေတာပဲအေးတယ်။ အခု သိပ်ပျော်နေတယ်လို့ ထင်နေလား။ ရုံးမှာ သိပ်အဆင်ပြေနေတယ်လို့ ထင်နေလား။ ရုံးသွားရတာ သိပ်သက်သာနေတယ်လို့များ ထင်နေလား။ တစ်ခါတစ်လေ သိပ်စိတ်ပျက်တယ်။ လာမိတာမှားတယ် လို့ခံစားရတယ်။

2 comments:

မောင်ဂျက် said...

သူ့အကြောင်း သိချင်ရင် သူအိမ်သွားကြည့်ဆိုသလို ၊ ရီမွန့်ဆီ လာလည်တော့ ရီမွနိ့ခံစားချက်ကိုနားလည်ပါတယ်။မျှော်လင့်ထားတဲ့ အတိုင်း တသွေမတိမ်း ဖြစ်မယ်ဆိုရင် လူလို့မခေါ်ထိုက်ဘူး။ကိုယ်မဖြစ်ချင်တာဘဲ ဖြစ်ရလို့သေရမယ်ဆိုရင်….။ရီမွန့် လိုဘဲ ကျွန်တော်လည်းမဖြစ်ချင်တာဖြစ်ခဲ့ပြီး ရွေးစရာ၂ခုပေါ်လာတာဘဲ။ ပိုခက်တဲ့လမ်းက ပိုပျော်စရာကောင်းပါတယ်။ပထမဆုံးစခဲ့တဲ့ ခြေလှမ်းတွေနဲ့ဘဲ ပန်းဝင်ရမယ်ဆိုတဲ့ တင်ဇာမော် သီချင်းကို ပြန်နားထောင်ပြီး၊အခက်အခဲတွေကို တွန်းအားအဖြစ်ပြောင်းနိုင်ပါစေ။

Min Thu said...

Try hard and try harder... to happen things that you wish. Never think about giving up. :) There is no work that is easy.

Have fun working! :)