Tuesday, May 15, 2007

Wentworth Miller

အခုလောလောဆယ် အကြိုက်ဆုံးမင်းသားကတော့ Wentworth Miller ပဲ။ Prison Break ကြည့်ပြီးတော့ အရမ်းကို ကြိုက်သွားတာ။ သူ့ကို ကြိုက်လို့ Prison Break Season 1 ကို ၂ ရက် Season 2 ကို ၂ ရက် ပြီးအောင်ကို ကြည့်လိုက်တယ်။ လူလဲ မူးနောက်သွားတာပဲ။ ည ၁၀ နာရီလောက်က စကြည့်တာ မနက် ၅ နာရီလောက်ထိကြည့်။ နေ့လယ် ၁၂ နာရီလောက် အိပ်ရာကပြန်ထပြီး နေ့လယ်ပိုင်းတစ်ခါပြန်ကြည့်။ ဇာတ်လမ်းကိုလဲကြိုက် မင်းသားကိုလဲကြိုက်။ ဒီတစ်ခါတော့ သူငယ်ချင်း ၄ ယောက်လုံးကြိုက်ကြတယ်။ ကဲကဲ..ဒါကတော့ အပတ်တကုတ်ကြိုးစားရှာဖွေထားတဲ့ သူ့ပုံလေးတွေပေါ့။
Favorite Picture gif Wallpaper

0 comments: